ကျော့ရှင်းစန္ဒာတစ်ယောက် စောနန်းထား၏နန်းဆောင်သို့သွားရန် အခြွေရံတော်ပပနှင့်အတူတောင်နန်းဆောင်မှထွက်သွားကြသည်။
"မင်းသမီးလေး ဖြည်းဖြည်းလျှောက်ပါ ခြေထောက်ပြန်နာပါလိမ့်မယ်"
ကျော့ရှင်းစန္ဒာ သွက်လက်သောခြေလမ်းများဖြင့်သာ။ သို့သော် စောနန်းထားသူမ၏နန်းဆောင်တွင်မရှိ။ အခြွေအရံတော်များ၏ပြောစကားအတိုင်း ကျော့ရှင်းစန္ဒာ စောနန်းထား လေးပစ်ကျင့်သောနေရာသို့လိုက်သွားတော့သည်။
"ညီမတော်ရဲ့လေးအတတ်ပညာက အစ်ကိုတော်ထက်တောင်သာလွန်နေပါပြီ"
"ခစ်ခစ်ခစ်"
"အစ်ကိုတော်ပြောတာအမှန်ပင် ညီမတော်ရဲ့လေးအတတ်ဟာလွန်စွာ ကောင်းမွန်နေပြီ"
စောထီးနှင့်စောနန်းထားတို့နှစ်ဦးနှင့်အတူ မင်းခွေသည်လည်း မြားပစ်နေကြသည်။
ကျော့ရှင်းစန္ဒာခပ်လှမ်းလှမ်းမှ အစ်ကိုတော်နှစ်ယောက်ကြားမတ်တပ်ရပ်နေသော စောနန်းထားအားလှမ်းမြင်လိုက်ပြီး သူမခြေလှမ်းများအားအမြန်ဆုံးသာလှမ်းလျှောက်သွားလိုက်သည်။
"နန်းထား"
ခပ်ယဲ့ယဲ့အသံကလေး၏ခေါ်သံကြောင့် စောထီးတို့သုံးဦးစလုံးအနောက်သို့လှည့်ကြည့်လိုက်ကြသည်။
"ခင်နှောင်း "
လက်ထဲတွင်ကိုင်ထားသော လေးနှင့်မြားအားချလိုက်ပြီး စောနန်းထား ခင်နှောင်း၏အနားသို့သွား၏။
"အဆောင်တော်မှာနားနားနေနေ နေလေခင်နှောင်း နက်ဖြန်မိုးသောက်ရင် ခင်နှောင်းရဲ့ခမည်းတော်နဲ့မယ်တော်တို့ပုဂံပြည်ကိုရောက်လာမှာပါ"
ကျော့ရှင်းစန္ဒာ စောနန်းထားအားပြောစရာရှာမရသောမျက်ဝန်းများဖြင့်ကြည့်ရင်း
"ခမည်းတော်တို့ကဒီကိုလာမယ်"
"ခင်နှောင်းပဲသတိရအောင်းမေ့တယ်ဆိုလို့ နန်းထားကိုယ်တိုင် လူလွှတ်ပြီး ပုဂံပြည်ကိုဖိတ်ခေါ်လိုက်တာလေ"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Ficção Históricaဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...