ep 26(စီးချင်းထိုးလေပြီလား)
"ခေါင်းဆောင် ကျွန်တော်တို့လူတွေ ခေါင်းဆောင်ပြန်အလာကိုမျှော်နေကြပါတယ်"
ရက္ခ မိမိ၏လူယုံတော်ပြောသောစကားအားကြားပြီး မိမိစိတ်ထဲတွင်နေမချိထိုင်မသာဖြစ်ရပြန်သည်။
"အေး...ငါအမြန်ဆုံးပြန်လာမယ်လို့ ပြန်ပြောလိုက်"
"ဟုတ်ကဲ့ပါခေါင်းဆောင်"
မိဖုရားမေသူဇာမိမိ၏ကျွန်ယုံလုလုံအား ဆေးရည်တစ်မျိုးပေးပြီး ကိစ္စတစ်ခုကိုလုပ်ဆောင်ရန်မှာကြားလိုက်သည်။
......
ဆွဲလက်စပန်းချီအား ရပ်ပစ်လိုက်ပြီး ကျော့ရှင်းစန္ဒာအတွေးကမ္ဘာထဲနစ်မြောသွား၏။"ခင်နှောင်း ဘာတွေစဉ်းစားနေတာလဲ"
စောနန်းထား ကျော့ရှင်းစန္ဒာ၏အသားအားထိကာမေးလိုက်သည်။
"ဘာမှမစဉ်းစားပါဘူး ဒီမှာနန်းထားကိုပြမဲ့ ပိတောက်ပန်းပုံလေးတွေ"
ဝါညက်ညက်အရောင်လေးများ၊စိမ်းဖန့်ဖန့်သစ်ပင်ကြီးပေါ်တွင် လှလှပပပွင့်နေသည့်ပုံကလေးအား ကျော့ရှင်းစန္ဒာရေးဆွဲထားသည်။
ပိတောက်ပန်းများဝေဆာနေသော ပိတောက်ပင်ကြီးပင်ဖြစ်သည်။ထိုပိတောက်ပင်ကြီး၏ အောက်ခြေအနားတွင် မတ်တပ်ရပ်နေသော မိန်းမပျိုတစ်ယောက်ပုံအားလည်း ကျော့ရှင်းစန္ဒာရေးဆွဲထားသေး၏။"ဒါကဘယ်သူလဲ ခင်နှောင်း"
"အဲ့တာနန်းထားလေ"
စောနန်းထား ပန်းချီလေးအားသေချာစိုက်၍ကြည့်လိုက်ပြန်သည်။
"လှလိုက်တာခင်နှောင်း...ဒီပိတောက်ပန်းတွေကိုလည်းနန်းထားနှစ်သက်တယ်"
"နန်းထားသဘောကျလို့ ခင်နှောင်းပျော်ပါတယ်"
နှစ်ဦးသားပြုံးပျော်စွာစကားပြောနေစဉ် ဘုရင်စောထီးရောက်လာ၏။
"အစ်ကိုတော် ဘာအရေးကိစ္စများရှိလို့ ဒီကိုရောက်လာတာလဲ"
"အစ်ကိုတော် ခင်နှောင်းဆီလာတာကိုညီမတော်ကသဘောမကျလှဘူးထင်တယ်"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Ficção Históricaဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...