ep26💛စီးချင်းထိုးလေပြီလား

1.2K 104 6
                                    

ep 26

"ခေါင်းဆောင် ကျွန်တော်တို့လူတွေ ခေါင်းဆောင်ပြန်အလာကိုမျှော်နေကြပါတယ်"

ရက္ခ မိမိ၏လူယုံတော်ပြောသောစကားအားကြားပြီး မိမိစိတ်ထဲတွင်နေမချိထိုင်မသာဖြစ်ရပြန်သည်။

"အေး...ငါအမြန်ဆုံးပြန်လာမယ်လို့ ပြန်ပြောလိုက်"

"ဟုတ်ကဲ့ပါခေါင်းဆောင်"

မိဖုရားမေသူဇာမိမိ၏ကျွန်ယုံလုလုံအား ဆေးရည်တစ်မျိုးပေးပြီး ကိစ္စတစ်ခုကိုလုပ်ဆောင်ရန်မှာကြားလိုက်သည်။

......
ဆွဲလက်စပန်းချီအား ရပ်ပစ်လိုက်ပြီး ကျော့ရှင်းစန္ဒာအတွေးကမ္ဘာထဲနစ်မြောသွား၏။

"ခင်နှောင်း ဘာတွေစဥ်းစားနေတာလဲ"

စောနန်းထား ကျော့ရှင်းစန္ဒာ၏အသားအားထိကာမေးလိုက်သည်။

"ဘာမှမစဥ်းစားပါဘူး ဒီမှာနန်းထားကိုပြမဲ့ ပိတောက်ပန်းပုံလေးတွေ"

ဝါညက်ညက်အရောင်လေးများ၊စိမ်းဖန့်ဖန့်သစ်ပင်ကြီးပေါ်တွင် လှလှပပပွင့်နေသည့်ပုံကလေးအား ကျော့ရှင်းစန္ဒာရေးဆွဲထားသည်။
ပိတောက်ပန်းများဝေဆာနေသော ပိတောက်ပင်ကြီးပင်ဖြစ်သည်။ထိုပိတောက်ပင်ကြီး၏ အောက်ခြေအနားတွင် မတ်တပ်ရပ်နေသော မိန်းမပျိူတစ်ယောက်ပုံအားလည်း ကျော့ရှင်းစန္ဒာရေးဆွဲထားသေး၏။

"ဒါကဘယ်သူလဲ ခင်နှောင်း"

"အဲ့တာနန်းထားလေ"

စောနန်းထား ပန်းချီလေးအားသေချာစိုက်၍ကြည့်လိုက်ပြန်သည်။

"လှလိုက်တာခင်နှောင်း...ဒီပိတောက်ပန်းတွေကိုလည်းနန်းထားနှစ်သ​က်တယ်"

"နန်းထားသဘောကျလို့ ခင်နှောင်းပျော်ပါတယ်"

နှစ်ဦးသားပြုံးပျော်စွာစကားပြောနေစဥ် ဘုရင်စောထီးရောက်လာ၏။

"အစ်ကိုတော် ဘာအရေးကိစ္စများရှိလို့ ဒီကိုရောက်လာတာလဲ"

"အစ်ကိုတော် ခင်နှောင်းဆီလာတာကိုညီမတော်ကသဘောမကျလှဘူးထင်တယ်"

သစ္စာစကား ချစ်သူကြားစေ (Season  1 completed) Where stories live. Discover now