ep 23
ထိုနေ့ည ရက္ခတစ်ယောက်ပုဂံပြည်၏ရွှေနန်းတော်ထဲမှပြန်မထွက်တော့ပဲ ဦးရီးတော်ရက္ခ၏အဆောင်တော်တွင်သာ အိပ်စက်ခဲ့တော့သည်။
နောက်နေ့မနက်အာရုံရောက်ချိန်တွင် ရွှေနန်းတော်ထဲ၌ မင်းသားရက္ခပြန်ရောက်လာပြီဆိုသောသတင်းမှာပျံ့နှံ့လျက်။
"ဘယ်လို...မင်းသားရက္ခဟုတ်စ"
"မှန်ပါတယ်မိဖုရားခေါင်ကြီး...ဦးရီးတော်ဒီပ၏သားတော်မင်းသားရက္ခပါ"
"ငါကြားဖူးတဲ့အိမ်ရှေ့မင်းသားလျာထားခြင်းခံခဲ့ရတဲ့ မင်းသားရက္ခများလား"
မိဖုရားမေသူဇာချက်ချင်းပင် စောနန်းထား၏အဆောင်တော်ဆီသို့သွားတော့သည်။
"မင်းသမီးလေးမရှိပါဘူးမိဖုရားကြီး"
"ယောင်းမတော်ကဘယ်များသွားနေလို့တုန်း"
"မိဖုရားငယ်ခင်နှောင်းရဲ့အဆောင်တော်မှာပါမိဖုရားကြီး"
မေသူဇာ ခင်နှောင်း၏အဆောင်တော်ဆီသို့လိုက်မသွားချင်။မိမိမှအခြွေရံတော်လွှတ်၍ခေါ်ခိုင်းလျင်လည်း သူမလာမည်မဟုတ်။
ခင်နှောင်း၏အဆောင်တော်တွင်
"မင်းစနေ ညကဘယ်တွေကိုရောက်နေတာလဲ"
"ကျွန်တော်မျိူးအိပ်ဆေးခတ်ခံရပါတယ် မင်းသမီးလေး...ကျွန်တော်မျိူးသတိရတော့အဆောင်တော်တစ်ခုရဲ့အောက်မှာရောက်နေကြောင်းပါမင်းသမီးလေး"
မင်းစနေအိပ်ဆေးခတ်ခံရသည်။ စောနန်းထားစိတ်ထဲ ဦးရီးတော်ဒီပမှန်းသိနေသောလည်း ဘာစကားတစ်ခွန်းမှမတုန့်ပြန်တော့
"နန်းထား...ညကကိစ္စအတွက်ခင်နှောင်းကိုစိတ်တိုနေပြီလားဟင်"
မိမိအနောက်မှမေးလာသောစကားအားကြာသော စောနန်းထား အဆောင်တော်၏တံခါးအားပိတ်လိုက်သည်။
ကျော့ရှင်းစန္ဒာ လူကြီးဆူမည်ကိုကြောက်လန့်နေသော ကလေးငယ်တစ်ယောက်လိုပင်"ခင်နှောင်း နန်းထားအပေါ်ထားတဲ့စိုးရိမ်စိတ်ကိုနန်းထားသိပါတယ်...နန်းထား ခင်နှောင်းကိုစိတ်မတိုပါဘူး"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Fiction Historiqueဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...