"ခေါင်းဆောင်ကျွန်တော်တို့အဆင်သင့်ဖြစ်ပါပြီ"
"ကောင်းပြီဒါဆိုသုတ္တရပြည်သို့ အခုပဲခရီးနှင်ကြရအောင်"
ဖွံဖွံထွားထွားခန္ဓာကိုယ်အပေါ်ပိုင်းတွင် ခပ်ပါးပါးချည်သားဖြင့်ရက်လုပ်ထားဟန်ပေါ်သော ပဝါရှည်တစ်ခုအား ညာဖက်ပခုံးပေါ်မှတင်ကာ ဘယ်ဘက်ဗိုက်ထောင့်နားတွင် ရှေ့နောက်အစနှစ်ခုအား ချီထားစေသည်။ လက်ထဲတွင်လည်း လှပလွန်းသော ကျောက်များစီခြယ်ထားသည်ဓားမြှောင်အိမ်အား လက်တွင်ကိုင်ဆောင်ထားသေး၏။ရှည်လျားသန်မာလှသော ခြေထောက်အားလွှားခနဲမြှောက်ကာ မဟူရာအရောင်မြင်းကြီးပေါ်သို့တက်လိုက်သည်။
မြင်း၏ဇက်ကြိုးအားတစ်ချက်ဆွဲ ခြေတို့ဖြင့်မြင်း၏ဝမ်းဗိုက်နားဆောင့်ကာ မြင်းအားခရီးနှင်ရန် ရက္ခအမိန့်ပေးလိုက်တော့သည်။
နောက်ပါများခြံရံကာ နီယာလူမျိူးစု၏ခေါင်းဆောင် ရက္ခ သုတ္တရပြည်သို့ခရီးနှင်လေတော့သည်။~~~~~~
သုတ္တရပြည်တွင် ပုဂံပြည်မှမိမိတို့်အားလာရောက်သိမ်းပိုက်စစ်ခင်းတော့မည်ဖြစ်ကြောင်း ပုဂံပြည်ရှိသူလျှို၏ကျေးစေကာပို့လိုက်သော စာလွှာအားရရှိခဲ့သည်။
"သည်အရေးဟာ နှစ်နိုင်ငံအတွက်သိပ်အရေးကြီးလွန်းပါတယ် ခမည်းတော် သားတော်တို့သုတ္တရပြည်နဲ့ပုဂံပြည်ရဲ့စစ်သည်အင်အားယှဥ်လျှင် အလွန်ကွာလွန်းပါတယ်ခမည်းတော်"
"ဘုရင်စောထီးဟာ သုတ္တရပြည်ကိုပုဂံပြည်လက်အောင်ပြန်လည်သိမ်းသွင်းဖို့များကြံစည်လေပြီလား အင်း ဒါဟာလည်းဖြစ်သင့်တဲ့အကြောင်းပဲလေ"
"ခမည်းတော်ကပုဂံပြည်ကိုကြောက်လန့်နေတာလား ခမည်းတော်"
မင်းသင်္ခ လက်သီးလက်မောင်းများတန်းကာ
"သားတော်ကိုယ်တိုင်ပုဂံပြည်နဲ့စစ်ခင်းမယ် ခမည်းတော်"
"မင်းသင်္ခသားတော်လေး စဥ်းစားချင့်ချိန်ပါသားတော် ပုဂံပြည်ရဲ့စစ်သည်အင်အားဟာ လွန်စာများပြားလွန်းတယ် ခမည်းတော်တို့ရဲ့စစ်သည်တွေနဲ့အရပ်ကွာခြားလွန်းလှတယ် ခမည်းတော်တို့ရဲ့သုတ္တရပြည်ဟာ ဟိုးယခင်ကပုဂံပြည်ရဲ့အုပ်ချုပ်မှုအောက်မှာ နေရတဲ့တိုင်းပြည်တစ်ခုသားတော်"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Ficção Históricaဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...