ep 20
ဘုရင်စောထီး ပန္ကလိတိုင်းနှင့်စစ်ခင်းမည့်အရေးနှင့် ပုဂံပြည်မှထွက်ခွာရန်စီစဥ်တော့သည်။
"သူဇာ စိတ်မချလှပါဘူးမောင်တော်ရယ်"
"တိုင်းပြည်အရေးကိစ္စမို့ မောင်တော်သွားရမယ်သူဇာ... ပုဂံပြည်မှာမောင်တော်မရှိတုန်း ပုဂံပြည်ကိုသူဇာကစောင့်ရှောက်ပေးပါ...ညီမတော်ကိုလည်းစောင့်ရှောက်ပေးပါ"
"သည်အရေးကိစ္စတွေကိုစိတ်ချပါမောင်တော်...မောင်တော်သာ ဒဏ်ရာအနာတရမရှိပဲပြန်လာခဲ့ပါနော်"
စစ်သည်ရဲမက်များ မြင်းစစ်သည်၊လေးစစ်သည်၊ဆင်စီးတပ်သား၊ခြေလျင်တပ်သားများ ကိုယ်စီခေါင်းဆောင်များထံစုစုရုံးရုံးပင်။ ပုဂံပြည်၏စစ်သူကြီးတစ်ယောက်ဖြစ်သော မင်းမဟော်သည်လည်း လေးများဓားများအားမိမိလိုအပ်သမျှပြင်ဆင်သည်။
"ဒါဆို စစ်ထွက်တိုက်တော့မှာပေါ့ "
"ဟုတ်တယ် ခင်နှောင်း...အစ်ကိုတော်တို့ပန္ကလိတိုင်းနဲ့စစ်ခင်းဖို့ပြင်ဆင်နေကြပြီ"
"ခင်နှောင်းစစ်တွေကိုမကြိုက်ဘူး...သေကြေပျက်ဆီးနေတာတွေ...သွေးသံရဲရဲတွေကြားကငိုသံတွေအော်သံတွေ...ဒဏ်ရာတွေနဲ့အသက်မဲ့နေတဲ့ရုပ်အလောင်းတွေ...ကျန်ရစ်ခဲ့ရတဲ့မိသားစုတွေ...ဒါတွေကိုခင်နှောင်းမုန်းတယ်"
"လောကကြီးမှာ သူယုတ်နဲ့သူကောင်းနှစ်မျိူးသာရှိတာလေ ခင်နှောင်း...သူယုတ်တွေကတော့ယုတ်မြဲယုတ်နေကြမှာပဲ...သူကောင်းတွေကလည်းကောင်းမြဲကောင်းနေကြမှာပဲ...သူယုတ်လက်ထဲမှာအသက်ရှင်ရတဲ့မျက်ရည်ပိုင်ရှင်တွေကို သူကောင်းတွေကကယ်တင်ပေးသင့်တာပဲလေ"
"နန်းထားပြောတာလည်း ဟုတ်ပါတယ်...သူယုတ်ကြောင့်အသက်မဲ့သွားရတဲ့သူကောင်းတွေအတွက်ကတော့ သူရဲကောင်းဆိုတဲ့နာမနဲ့လိုက်ဖက်သင့်လျော်ပါတယ်"
ကျော့ရှင်းစန္ဒာနှင့်စောနန်းထားတို့နှစ်ဦး စကားပြောနေစဥ် ဘုရင်စောထီးအဆောင်တော်သို့ရောက်လာပြန်သည်။
"ညီမတော်နဲ့ခင်နှောင်းတို့ ဘာတွေများပြောနေကြတာလည်း"
"သူယုတ်နဲ့သူကောင်းအကြောင်းပြောနေကြတာပါ...အစ်ကိုတော်ရောကိစ္စတွေဆောင်ရွက်ပြီးပါပြီလား"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Tarihi Kurguဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...