ep4💛ပုဂံပြည်သို့ဆက်သခံရခြင်း

913 118 9
                                    

ကျော့ရှင်းစန္ဒာတစ်ယောက် နှုတ်မှလွှတ်ခနဲထွက်လိုက်သော စကားသည်မည်သည့်အခြေအနေတစ်ခုထိရောက်သွားနိုင်မှန်းမသိ။ရက္ခ၏တောင်းရမ်းမှုအား လွယ်လွယ်ကူကူငြင်းဆိုနိုင်ရန်အတွက် စောထီးအားအကြောင်းပြချက်သက်သက်အနေဖြင့်သာ ယူသုံးလိုက်ခြင်းဖြစ်သည်။

"သမီးတော် သမီးတော်ဟာ ဘုရင်စောထီးနှင့်အပြင်မှာသည်ပင် တစ်ခါမျှမဆုံဖူးပဲ ဘာကြောင့်များယခုလို ပြောလိုက်ရတာလည်း"

"ဟို "

ကျော့ရှင်းစန္ဒာ တစ်ယောက်ပြန်မဖြေတတ်တော့ပေ။ ကျော့ရှင်းစန္ဒာအား အပြစ်ပြောဆိုခြင်း အလျဥ်းမျှမရှိ။ သမီးတော်အား ရက္ခ၏လက်အတွင်းသို့ ထည့်မပေးချင်သည်မှာအမှန်ပင်ဖြစ်သောကြောင့်ပင်။

~~~~~

ပုဂံပြည်တွင်

"မောင်တော် သူဇာလေ မောင်တော့်ကိုလျှောက်တင်စရာလေး ရှိလို့ပါ"

"ဘာများလျှောက်တင်ချင်လို့လည်း သူဇာ"

"သူဇာ မောင်တော်နဲ့တူနှစ်ကိုယ်တူယှဥ်တွဲနေချင်လှပြီ မောင်တော်"

ဘုရင်စောထီး ချစ်သူမေသူဇာ၏ ပခုံးလေးအားဖက်ထားကာ

"မောင်တော် သုတ္တရပြည်အရေးစီစဥ်ပြီးတာနဲ့ ဟော့ဒီက မောင်တော်အသည်းညှာသူဇာလေးနဲ့ အမြန်ဆုံးလက်ဆက်ကြတာပေါ့ကွယ်"

"မောင်တော်တကယ်ပြောတာနော်"

"မောင်တော်ရှင်ဘုရင်ပါ သူဇာ့ကိုလိမ်ညာစရာလား"

မေသူဇာ စောထီး၏ဖခင်ဘုရင်ကြီးနန်းတက်စဥ်ကပင် ဘုရင့်အပါးအမြဲခစားတတ်သော ပညာရှိအမတ်ကြီးစက္ကတင်ကိ၏ တစ်ဦးတည်းသောသမီးအလှရတနာလေးဖြစ်သည်။ ဘုရင်စောထီးနှင့် ငယ်စဥ်ကပင်သိကျွမ်းလာခဲ့ကြပြီး အရွယ်ရောက်သောတစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ကာ ချစ်ခင်ရသောချစ်သူနှစ်ဦးဖြစ်ခဲ့ကြ၏။

"အစ်ကိုတော် အစ်ကိုတော်"

ဘုရင်စောထီး၏အရှေ့နန်းဆောင်သို့ စောနန်းထားအလျင်အမြန်ဆုံးခြေလှမ်းများဖြင့်ရောက်လာ၏။

"ညီမတော် ဘယ်လိုအကြောင်းများကြောင့် အမောတကြီးလာခဲ့ရတာလည်း"

သစ္စာစကား ချစ်သူကြားစေ (Season  1 completed) Where stories live. Discover now