စောနန်းထား မနက်အာရုံသောက်ချိန်ကပင်နိုးနေ၏။ အစ်ကိုတော်ထံသို့အခစားဝင်ကာ
"အစ်ကိုတော် ညီမတော်စကားကိုသေချာစဥ်းစားကြည့်တော်မှုပါ "
"ညီမတော်သံသယစိတ်တွေများပြားလွန်းမိနေတာပါကွယ် ဒါဟာရိုးရိုးမတော်တဆသက်သက်ပါ"
"ညီမတော်မထင်ဘူးအကိုတော် ခင်နှောင်းကိုပေးလိုက်တဲ့မြင်းဟာ လွန်စွာလိမ်မာယဥ်ကျေးသည်ကို ညီမတော်အသိဆုံးပါ"
"ကယ် ညီမတော် ခင်နှောင်းလည်းဘာမှကြီးကြီးမားမားဖြစ်မသွားဘူးလေကွယ် ဒီကိစ္စကိုအရေးတယူလုပ်မနေပါနဲ့တော့"
စောနန်းထား စောထီးအားဘာစကားတစ်ခွန်းမှပင် ပြန်မပြောတော့ပေ။
~~~~
"ခေါင်းဆောင်သက်သာပါရဲ့လား"
"ငါဘာမှမဖြစ်ဘူး မနက်ဖြန်မနက်စစ်ချီဖို့ပြင်ဆင်ပြီးပြီလား"
"ပြင်ဆင်ပြီးပါပြီခေါင်းဆောင်"
ရက္ခမိမိလက်မောင်းပေါ်မှ ကျနေသော သွေးစက်များအားသုတ်ရင်း
"စောင့်နှင့်နေအုံးပေါ့ ခင်နှောင်း မင်းကိုငါစောထီးလက်ထဲကနေမရရအောင်ပြန်ယူမယ်"
ရက္ခသည် ခင်နှောင်းငြင်းလိုက်သည့်နေ့မှစ မိမိထက်အင်အားနည်းသော မျိူးနွယ်စုများအားလိုက်လံတိုက်ခိုက်သိမ်းပိုက်ပြီး နီယာလူမျိူးစုအဖြစ်သိမ်းသွင်းခဲ့သည်။
ခြေထောက်မှအနည်းငယ်ကိုက်ခဲနေသော ဝေဒနာ အား ကျော့ရှင်းစန္ဒာခံစားမိသည်။
"နိုးပြီလား ခင်နှောင်း"
ထိုရွက်ဖျင်တဲထဲတွင် ခင်နှောင်းအား ရေတစ်ခွက်အဝတ်စတစ်ခုဖြင့်စောင့်နေသူမှာ ပပ မဟုတ်ပဲ စောနန်းထားပင်။
"နန်းထားကနိုးနေပြီလား"
"ခြေထောက်ကဒဏ်ရာသက်သာရဲ့လား ခင်နှောင်း"
"သက်သာပါတယ် အဲ့လောက်မနာပါဘူး နန်းထားရဲ့"
ကျော့ရှင်းစန္ဒာ မျက်နှာအားသစ်ပြီးသော
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Tiểu thuyết Lịch sửဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...