ep14💛ထူးဆန်းသောသူ

660 98 10
                                    

ep 14

ခပ်ဖြောက်ဖြောက်သာရွာချသောမိုးစက်ပွင့်များကြားတွင် ခြွေခဲ့သောထိုအနမ်းတစ်ပွင့်။ ဖွင့်ဟဝန်ခံရန် စကားလုံးအားရှာဖွေမိသောလည်း စဥ်းစားမရခဲ့ပါ။ ဤတစ်ခွန်းတော့ ဖွင့်ဟဝန်ခံရပေလိမ့်မည်..

"နန်းထား"

သူမ၏မိုးရေပါးပါးစိုနေသော မျက်ဝန်းအား ငေးမော့ကာကြည့်ရင်း ပြောဖြစ်ခဲ့သော စကားလေးတစ်ခွန်း

"ချစ်တယ် နန်းထား"

ဆိုလိုရင်းကိုမသိခဲ့ပါ။ အေးစက်နေသောပါးပြင်ပေါ်သို့ကျရောက်လာသော အနမ်းနွေးနွေးလေးကြောင့် အနည်းငယ်မျှရင်တုန်ရသောလည်း ကိုယ်တိုင်ကိုယ်ကျဘာရယ်ကြောင့်မှန်းမသိ။ သူမနူတ်ဖျားမှ..ချစ်တယ် နန်းထား..ဟုပြောခဲ့သောလည်း ဘာစကားပြန်ပြောရမှန်းစဥ်းစားမရခဲ့ပါ။

ကျော့ရှင်းစန္ဒာ စောနန်းထားအား မိမိခံစားချက်အတိုင်းဖွင့်ဟဝန်ခံခဲ့သောလည်း စောနန်းထားမသိရှိခဲ့ပေ။ သူမသိသည်။ မိမိပြောလိုက်သော ချစ်တယ်ဟူသည်ဝေါဟာရအား စောနန်းထားသိမည်မဟုတ်။ သို့သော်လည်း သူမသိအောင်တော့ ဖွင့်ဟဝန်ခံနိုင်ခဲ့လေပြီ။

မြောက်နန်းဆောင်တွင် မိုးရေစိုလာသော အဝတ်များအားလဲပြီး ကျော့ရှင်းစန္ဒာ စိုသွားသောဆံနွယ်များအား သုတ်နေရင်း

"ခင်နှောင်းသုတ်ပေးရမလား နန်းထား"

စောနန်းထား၏ဆံနွယ်သည် ခင်နှောင်း၏ဆံနွယ်များထက်အနည်းငယ်ပိုရှည်လျား၏။

"နန်းထားကို့ဘာသာသုတ်လိုက်ပါမယ် ခင်နှောင်း"

ကျော့ရှင်းစန္ဒာ စောနန်းထားလက်ထဲတွင်ကိုင်ထားသော ချည်ဖြင့်ယက်ထားသောပဝါစတစ်ခုဟုထင်ရသည့် ပိတ်စအားယူလိုက်ကာ

"နန်းထားသုတ်ရင် အကုန်ဘယ်ရောက်တော့မလည်း ပေး ခင်နှောင်းသုတ်ပေးမယ်"

မဲနက်တောက်ပြောင်နေသော စောနန်းထား၏ဆံသားလေးများအား နူးနူးညံညံလက်ဖြင့်ကိုင်ယူရင်း အသေအချာသုတ်ပေး၏

"နန်းထားမှာ ပပလိုရံခြွေတော်မရှိဘူးလား"

"မရှိဘူး ခင်နှောင်း နန်းထားကိုငယ်စဥ်ကထိန်းခဲ့တဲ့အထိန်းတော်ကြီးမရှိတော့ထဲက နန်းထားတစ်ယောက်ထဲနေလာတာ"

သစ္စာစကား ချစ်သူကြားစေ (Season  1 completed) Where stories live. Discover now