ep 12
မှုံရီဝေဝါးနေသော မျက်ဝန်းများကို အားတင်းကာဖွင့်ကြည့်လိုက်သည်။ မိမိဘေးတွင်ထိုင်နေသောသူမအား မြင်လိုက်ရသော အမှန်ဧကန်ပျော်ရွှင်မိခဲ့ရသည်။
"နန်းထား နန်းထား"
ချက်ချင်းပင်ထကာ သူမ၏လက်များအားလူပ်ကိုင်ပြီး သူမအမည်နာမအားခေါ်ချင်သောလည်း မိမိ၏ကိုယ်တွင်း၌အနည်းငယ်နာကျင်မှုအား တမြေ့မြေ့ခံစားရပြန်သည်။
"ခင်နှောင်း သတိရလာပြီလား"
စောနန်းထား ကျော့ရှင်းစန္ဒာ အနားသို့ဝင်ထိုင်ကာ
"နန်းထားကို ခွင့်မလွှတ်ပါနဲ့ ခင်နှောင်း နန်းထားဂရုမစိုက်မိလို့ ခင်နှောင်းခုလိုဖြစ်ရတာပါ"
စောနန်းထားပြောနေသော စကား၏ဆိုလိုရင်းအား ကျော့ရှင်းစန္ဒာတစ်ယောက် နားမလည်သောလည်း
"နန်းထားဘာတွေပြောနေတာလည်း ခင်နှောင်းဘာမှမဖြစ်ပါဘူးနန်းထားရဲ့"
"ပုဂံပြည်ကြီးကိုရောက်ပြီးထဲက ခင်နှောင်းအပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေဟာ တိုက်ဆိုင်မှုမဖြစ်နိုင်ပါဘူး ခုလည်း ခင်နှောင်းအဆိပ်မိခဲ့ပြီလေ"
"ဟင် ခင်နှောင်းအဆိပ်မိတယ် အဆိပ်ကနန်းထားခွက်ထဲမှာလေ ဘယ်လိုလုပ်ခင်နှောင်းက"
"ဘယ်လိုခင်နှောင်း အဆိပ်ကနန်းထားခွက်ထဲမှာ ဟုတ်လား"
"ဟုတ်တယ်လေ အဲ့တာကြောင့်နန်းထားသောက်မိမှာစိုးလို့ ခင်နှောင်းလက်နဲ့ပြုတ်ချခဲ့တာပေါ့ "
"နန်းထားခွက်ထဲမှာ အဆိပ်ပါမှန်း ခင်နှောင်းကဘယ်လိုသိတာလည်း"
"ခင်နှောင်း ကျင်ငယ်သွားစွန့်ပြီးအပြန် လူတစ်ယောက်ကနန်းထားခွက်ထဲကိုအဆိပ်ထည့်ပြီး နန်းထားရှေ့ကိုရအောင်ချခိုင်းတာကြားလိုက်တယ် "
"အလို ဒါဆိုခင်နှောင်းသာ ခွက်ကိုပြုတ်မချရင် နန်းထားလည်းအဆိပ်မိမှာပေါ့ ခင်နှောင်းကရောဘယ်ကနေအဆိပ်မိ"
စောနန်းထားပြန်လည်စဥ်းစားလိုက်သည်။ ကချေသည်များကပြဖျော်ဖြေနေစဥ် သောက်စရာများရောက်မလာသေးချိန် ခင်နှောင်းတစ်ယောက်ထဲကိုသာ သောက်စရာအားလာချပေးခဲ့သည်ကို မိမိမြင်ခဲ့ရ၏။ သို့သော် ထိုအခြွေရံသည် မိမိအားသောက်စရာလာချပေးသော အခြွေရံနှင့်အဆင်းအင်္ဂါမတူပေ။
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Ficción históricaဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...