ep 25
ယခင်ထက်ပို၍ စောထီး ခင်နှောင်းအနားသို့ကပ်လာ၏။သို့ပါသော်လည်း မိမိခင်နှောင်းအပေါ်မေတ္တာသက်ဝင်မိသောအချိန်မှားလေသလား။
ခင်နှောင်းအပေါ်ဂရုဏာထားမိသည့်အချိန်မှ ရက္ခဆိုသော နောင်တော်မှာပေါ်လာလေပြီ။.....
ရက္ခတစ်ယောက် ခင်နောင်း၏အဆောင်တော်ရှေ့တွင် ဟိုယောင်ယောင်သည်ယောင်ယောင်ပင်။
"အဆောင်တော်နားကိုဘာလို့လာနေတာလဲ ရက္ခ"
"ကိုယ်ခင်နှောင်းကိုတွေ့ချင်လို့ပါ"
"အဆောင်တော်ရှေ့ကိုသည်လိုလာတာမကောင်းဘူး။နန်းတော်ထဲမှာပြောစရာတွေဖြစ်ကုန်လိမ့်မယ်"
"ကိုယ်ကဒီအတိုင်း ခင်နှောင်းကိုစိတ်မချလို့ပါ"
အဆောင်တော်အပြင်ဘက်တွင် ရက္ခနှင့်ခင်နှောင်းတို့စကားပြောနေသည်ကို မိဖုရားမေသူဇာလှမ်းကာတွေ့မြင်လိုက်၏။
"ကိုယ့်အဆောင်ကိုပြန်ပါရက္ခ...မင်းကြီးကိုစီးချင်းထိုးဖို့စိန်ခေါ်ထားပြီးအခုလို နေနေရင် မင်းကြီးကိုရှုံးမှာ"
"စောထီးကိုလား...ဟားဟားဟား ဒီစီးချင်းကိုရက္ခမနိုင်နိုင်အောင်ထိုးမှာခင်နှောင်း"
"နိုင်မည်လို့ယုံကြည်တိုင်းအခုလိုမနေနဲ့လေ...မတော်တဆဆိုတာပြောမရဘူး ရက္ခရှုံးရင်လည်းရှုံးနိုင်တာပဲ"
"ခင်နှောင်းရယ် ကိုယ်ရက္ခပါ"
"ကြိုတင်မမြင်နိုင်တဲ့အရာကိုတွေးပြီး ငါသည်သာအောင်နိုင်သူလို့ထင်မှတ်မနေပါနှင့်ရက္ခ"
တစ်ဖန်ဘုရင်စောထီး ခင်နှောင်း၏အဆောင်တော်ရှေ့သို့ရောက်ရှိလာပြန်သည်။
"ခင်နှောင်းအဘယ်ကြောင့်အဆောင်တော်အပြင်ကို ထွက်နေရသလဲ"
ကျော့ရှင်းစန္ဒာ စောထီး၏အသံကြားသော အရိုအသေပေးလိုက်ပြီး
"ရက္ခကိုအဆောင်တော်ပြန်ခိုင်းနေတာပါ မင်းကြီး"
"နောင်တော်...နောင်တော်ဟာအခုလို မိဖုရားငယ်ရဲ့အဆောင်တော်စီလာရောက်နေခြင်းဟာ အလွန်အင်မတန်မသင့်တော်သောအရာမျိူးပါ"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Tiểu thuyết Lịch sửဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...