ep 18
ရနံ့တစ်ခုအားရလိုက်သည်။ ထိုရနံ့အားမိမိ၏စိတ်ထဲမှ စွဲစွဲလမ်းလမ်းသိနေပြီဖြစ်သည်။လေးပင်နေသောမျက်တောင်နှစ်ဖက်အား ပင့်ကာဖွင့်ကြည့်မိတော့ ဘေးတွင်သူမအိပ်ပျော်နေ၏။ အမွှေးနံ့သာရနံ့။ စောနန်းထား အမြဲအဆောင်တော်တွင်ထွန်းထားတတ်သော အိန္ဒိယမှလာသည့်အမွေးခဲတစ်မျိူး။
"နန်းထား"
နူတ်မှခပ်ဖွဖွသာခေါ်လိုက်သောလည်း သူမချက်ချင်းကြားလိုက်သည့်ဟန်ပင်။ သူမခေါင်းချက်ချင်းမော့ကာကြည့်လိုက်သည်။
"ခင်နှောင်းသတိရလာပြီလား သက်သာရဲ့လား၊ဘယ်နားတွေများနာနေသေးလည်း"
"ဘာမှမဖြစ်ပါဘူး နန်းထားရဲ့ ခင်နှောင်းဒီကိုဘယ်လိုလုပ်ပြန်ရောက်လာတာလည်း"
"ဒါတွေကိုမပြောခင် ခင်နှောင်းကိုအခြွေရံတော်ပပအကြောင်းပြောပါရစေ"
ကျော့ရှင်းစန္ဒာ ခေါင်းကလေးငိုက်စိုက်လျက်ပင်။
"နန်းထား...အခြွေရံတော်ပပကိုအေးချမ်းတဲ့နေရာတစ်ခုမှာမြုပ်နှံပေးလိုက်တယ် ခင်နှောင်း"
ကျော့ရှင်းစန္ဒာ မျက်ရက်များကျမလာအောင်အားတင်းထားသောလည်း မျက်ဝန်းမှလိမ့်ကာလိမ့်ကာ မျက်ရည်ပေါက်ကလေးများကျလာတော့သည်။
"ပပလည်းအေးချမ်းတဲ့နေရာတစ်ခုကို ရောက်နေတော့မှာပါခင်နှောင်းရယ်"
ဘုရင်စောထီးနှင့်စစ်သူကြီးမင်းမဟော်တို့နှစ်ဦး ဘုရင့်အဆောင်တော်တွင် စကားပြောဆိုကြသည်။ အဆောင်တော်အနားသို့မည်သူတစ်ဦးတစ်ယောက်ကိုမျှမလာခိုင်းချေ။
"သည်လိုဆို မိဖုရားငယ်ခင်နှောင်းအမှန်တကယ်ပဲအသက်အန္တရာယ်ဘေးကြုံခဲ့ရတာပေါ့"
"မှန်ပါတယ်မင်းကြီး"
"အင်း...ငါကိုယ်တော်ညီမတော်စကားကိုနားမယောင်မိလေခဲ့သည်မှာ မှားလေပြီလား...ယခု ညီမတော်သူ၏နန်းဆောင်မှာလား "
"ကျွန်တော်မျိူးစိတ်ထင် မိဖုရားငယ်ခင်နှောင်း၏နန်းဆောင်တွင်သာရှိနေမှာပါမင်းကြီး"
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Fiksi Sejarahဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...