~သခင်ကြင်လျှင်ချစ်ခြင်းမည်~
အကိုဝေဖြိုးပြောတဲ့စကားတွေကိုသာ နိဒါန်းပြန်တွေနေမိသည်။
တကယ်ဆိုကိုကို့အပေါ်မရက်စက်ခဲ့သင့်။
ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုမှ
နာကျင်အောင်လုပ်ခဲ့မိသည်။
ညာနေတာကိုသိရက်နဲ့တောင် ကိုကိုကဆက်ချစ်နေခဲ့သည်။
ကိုကိုရဲ့ဒဏ်ရာတွေကိုမောင်မသိခဲ့လို့တောင်းပန်ပါတယ်။အခုတော့ အရာရာနောက်ကျနေပြီဖြစ်သည်။
ကိုကိုလဲနေသားတကျဖြစ်နေရောပေါ့။ထပ်မဆုံချင်တော့လို့ ထွက်သွားပြီဖြစ်တဲ့သူကိုနာကျင်စရာတွေထပ်မပေးချင်တော့ ။
ကိုယ်စခဲ့တဲ့ဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းမှာကိုယ်တိုင်နာကျင်ခဲ့ရသည်။
ခွင့်လွတ်ပါဆိုတဲ့စကားကိုတောင် နိဒါန်းပြောမထွက်တော့။မောင့်ကိုခွင့်မလွတ်ပါနဲ့ကိုကို။
မောင်က ကိုကို့အချစ်တွေနဲ့ မတန်တဲ့သူပါ။နောက်ရက် နိဒါန်းအိပ်ယာပင်မထသေးအဆောင်တစ်ခုလုံးဆူညံနေတော့သည်။
အသံကြားတာနဲ့တင်သိလိုက်ရပါပြီ။ စိုင်းနေတို့အဖွဲ့ရောက်လာတယ်ဆိုတာ။"ထစမ်းဟျောင့် နိဒါန်းသစ် နေဖင်ထိုးနေပြီ
ဇိမ်တောင်ကျနေသေးတယ် ထနှမပေး""ဘာလဲကွာမင်းတို့ကလဲအိပ်တဲ့သူကို"
"အမယ် မင်းကြောင့်ငါတို့အစောလာတာနော်
မင်းမထရင်ငါတို့ပြန်သွားမှာ""ဟ…ဟ နေပါအုံးမင်းတို့ကလဲငါကစတာပါ
ထပြီ ထပြီ ဟိုအမွှာရော"အထုတ်ဆွဲပြန်ထွက်ဖို့ပြင်နေသည့် စိုင်းနေကိုဆွဲထားရသည်။
"သူတို့ကနောက်တစ်ပတ်လောက်နေမှလာမှာ
အခုကငါနဲ့ထက်ဘုန်းပဲ""ဘယ်မလဲထက်ဘုန်းက"
"ငါဒီမှာယောက်ဖ လာပြီ"
ထက်ဘုန်းက အထုတ်ပစ်ချရင်းဖြေသည်။
"မင်းတို့မနက်စာစားပြီးပြီလား"
"ဘယ်ကလာကွာ အစောကြီးထွက်လာရတာ
ဗိုက်ကိုဆာလို့မင်းထမင်းဝယ်ကျွေးရမှာနော်""အေးပါကွာ ငါ့ညီမလေးအဆောင်ကိုအရင်သွားခေါ်ရအုံးမှာ သူကအခုမှရောက်တာဘဟ်မှသွားတက်မှာမဟုတ်ဘူး"
