~သခင်ကြင်လျှင်ချစ်ခြင်းမည်~
အာကာဆိုင်ထဲမှာလူတွေက အရင်နေ့တွေကထက်များသည်။
အကြောင်းအရင်းကတော့ ကသစ်နီဆိုတော့ ကောင်မလေးကြောင့်သာ။
အစကတော့ သမံကာလျံကာထင်ထားမိပေမဲ့
ထိုကောင်မလေးသီချင်းစဆိုသည်နှင့် အသံတွေပါဆူညံသွားပြီး လူကလဲပိုများလာခဲ့သည်။ထိုကောင်မလေးကို ဆုတွေတက်ချကြတာလဲမနည်းမနောပင်။
တချို့က လက်ဆွဲနှုတ်ဆက်တွေပါလုပ်တော့ အာကာမျက်မှောင်ကုတ်မိသည်။မိမိဆိုင်က ကောင်မလေးတွေဟာ ကျောင်းသူလေးတွေဖြစ်ပြီး ဝါသနာအရသာသီချင်းလာဆိုနေကြခြင်း။
ပျက်စီးနေတဲ့သူတစ်ယောက်မှမပါ။
Customerမို့သာ သူတို့လဲ အတက်နိုင်ဆုံးပြန်ပြုံးပြနေကြခြင်း။
ထိကပါးရိကပါးလုပ်တာတော့ ကြိုက်ဟန်မတူကြ။ကသစ်နီဆိုပြီးနောက် အာကာလဲဆက်ကြည့်မနေတော့ဘဲမွန်းကျပ်လာတာနဲ့ဆိုင်အပြင်ထွက်လာခဲ့သည်။
ဆိုင်ကတချို့အလုပ်သမားတွေပြန်သွားကြသည်။
ညဆိုင်းကလေးတွေလဲရောက်လာကြသည်။
ဆိုင်ကအချိန်ပြည့်ဖွင့်တာမို့ အလုပ်သမားတွေလဲသူ့dutyနဲ့သူထားသည်။
ဆိုင်မှာသီချင်းဆိုတဲ့သူလဲထိုအတိုင်းပင်။"ကိုကိုရောက်နေပြီလား ဒီနေ့တော့စောသားပဲ"
အသံစာစာလေးကြောင့်အာကာယံဟိန်းလှည့်ကြည့်လိုက်တော့ ကသစ်နီကလူတစ်ယောက်နှင့်စကားပြောနေခြင်း။
ကောင်မလေးက ကိုကိုလို့ခေါ်ပြီးစကားပြောနေတဲ့သူကြောင့်အာကာအံ့သြသွားရသည်။တခြားသူမဟုတ်ဘဲ အာကာနဲ့ကမ္ဘာ့ရန်နိဒါန်းသစ်ဖြစ်နေခြင်း။
တောသားနဲ့သူ့ညီမကသစ်နီကတော့ အာကာ့ကိုမမြင်ကြ။
သူတို့ချင်းစကားပြောရင်းထွက်သွားကြသည်။နိဒါန်းသစ်တို့မောင်နှမကိုလိုက်ကြည့်ရင်းအာကာနှုတ်ခမ်းတစ်ဖက်တွန့်ကွေးပစ်လိုက်သည်။
"အလှည့်ကျမနွဲ့စတမ်းပေါ့နိဒါန်းသစ်
မင်းကံကောင်းတဲ့အချိန်ကုန်သွားပြီ
အခုငါ့အလှည့်ရောက်လာပြီ မင်းစောင့်ကြည့်နေ
မင်းအသဲနှလုံးကိုငါအစိမ်းလိုက်ဆွဲထုတ်ပြမယ်"
