Episode(1)

249 27 4
                                    

UNICODE

စိမ်းလန်း စိုပြည်သော သစ်ပင်ပန်းပင်တို့အစား
ခေတ်နှင့် တစ်ပြေးညီ သူ့ထက်ငါ အပြိုင်အဆိုင်
တည်ဆောက်ထားသည့် မြင့်မြင့်မားမားမိုးမျှော်
အဆောက်အဦးတို့က ထည်ဝါတောက်ပစွာဖြင့် နေရာယူထားသောဆိုးလ်မြို့လယ်နေရာတစ်ခု။
ညရောက်နေပြီဖြစ်သည့်အတွက် အမှောင်ထုကို
အံတုရန် မီးအလှ ရောင်စုံတို့ဖြင့် နေရာအနှံတွင်
အလှဆင်ထွန်းထားသည့်အပြင် ကားမီးအရောင်
စူးစူးတို့ကလည်းပွိုင့်မိနေသောလမ်းမကျယ်ပေါ်
အနှံ့ဖြန့်ကျက်နေသည်မို့ ဒစ်စကို ညအတိုင်းပင်။
ထိုသို့အရာအားလုံးလှပနေသော်ငြားလည်း ယခု
မြင်ကွင်းကိုအကျည်းတန်စေသော ဖြစ်ရပ်တစ်ခု
ရှိနေခဲ့ပါသည်။ဤသည်ကား ကားအစီးရေပေါင်း
မြောက်မြားစွာတို့ကို ရှေ့ဆက်၍မသွားနိုင်အောင်
ရပ်တန့်စေခဲ့သည့်နောက်ကွယ်မှ အကြောင်းဟူ၍
ပြောလျှင်လည်းမမှား။

လမ်းမအား ဘလော့ခ်တုံးများဖြင့် ပိတ်ကာထားကာ
ရဲကားသံဝီဝီဖြင့် အုပ်အုပ်ကျက်ကျက်ဖြစ်နေသော
နေရာတွင် ယိုယွင်းပျက်စီးနေသောကားတစ်စီးအား
ကြည့်၍ မတော်တဆမှုဖြစ်ခဲ့မှန်း ထင်ရှားနေ၏။
ထို့ကြောင့်ကားထဲပါလာသူ ယာဥ်မောင်းမှာလည်း
သွေးတရဲရဲဖြင့်အသက်လုနေရသည့်အနေအထား။
ယာဥ်တိုက်မှုဖြစ်စဥ်ကိုမြင်မြင်ချင်း တစ်စုံတစ်ဦးက
119ကိုအကြောင်းကြားခဲ့သည့်ဟန်။ သိုဖြစ်၍လည်း
မကြာမီ၌ လူနာတင်ကားကတဝီဝီအသံပြုရင်း ယင်း
အခင်းဖြစ်ရာဆီသို့ရောက်လာကာ ဒဏ်ရာရနေသူ
ကားမောင်းသူအား ခေါ်ဆောင်သွားပါတော့၏။

တီ...တီ...တီ.....

"ဒေါက်တာ...လူနာရဲ့ Pressureက
အရမ်းထိုးကျနေပြီ"

Heart rate monitorပေါ်တွင် ပြနေသော
လှိုင်းတွန့်သည် ဂနာမငြိမ်ဖြစ်နေကာ တဖြည်းဖြည်း
ကျလာသည်မို့ အတူပါလာသော သူနာပြုမလေးက
ဆရာဝန်ဖြစ်သူအားလှမ်းပြောလိုက်ခြင်း။

"ဟုတ်တယ် ဒေါက်တာ၊ ဒဏ်ရာကလည်း
အရမ်းသွေးထွက်လွန်နေပြီ။ ဘယ်လိုလုပ်
ကြမလဲ။ ဒီတိုင်းသာဆက်သွားရင် ဒီလူနာ
ဆေးရုံကို ရောက်တဲ့အထိ တောင့်ခံနိုင်မှာ
မဟုတ်လောက်ဘူး"

Unexpected GuestWhere stories live. Discover now