Episode(4)

120 19 10
                                    

UNICODE

ပြေးရလွှားရ လွယ်စေရန်အတွက် ပေါ့ပေါ့ပါးပါး
ရှူးဖိနပ်အဖြူလေးသာစီးထားကာ ကျောလယ်ထိ
ရှည်သောဆံနွယ်တို့ကို ခပ်မြင့်မြင့်ချည်ထားသော
သူ(မ)။ ရှပ်အင်္ကျီအဖြူရောင်နှင့်စတိုင်လ်ပန့်အား
တွဲဖက် ဝတ်ဆင်ထားပြီး အပေါ်တွင် ဂျူတီကုတ်
အဖြူရောင်လေးပါ ထပ်မံ လွှားခြုံဝတ်ထားသော
သူ(မ)၏ လည်တိုင်ထက်တွင် လိုက်ဖက်ညီစွာဖြင့်
နေရာယူထားသော နားကြပ်လေး။ ခြေထောက်ကို
သာမန်နှင့်မတူဘဲ ကလေးငယ်တို့ပမာ မြောက်ကြွ၊
မြောက်ကြွနှင့် လှမ်းလျှောက်မိပြန်တော့ သူ(မ)၏
ဆံနွယ်ရှည်တို့ကား လေအဝှေ့တွင်ပျံဝဲနေပါလျက်။
ဟန်ဆောင်မှုကင်းသောပုံစံလေးကပင် လုပ်ယူစရာ
မလိုအောင်ချစ်စဖွယ်ကောင်းနေသူသည် အများက
ချစ်ရပါသောပျော်ပျော်နေတတ်သည့် ဒေါက်တာချွဲ
သို့မဟုတ် ဂျောင်ဂု၏ နှစ်ယောက်မရှိနိုင်တော့သော
ချစ်သူငယ်ချင်းကြီး ချွဲမင်ဂျီသာ။

"စာအိတ်ကြီးကိုင်ပြီး မြောက်ကြွမြောက်ကြွနဲ့
ဘာဖြစ်နေတာလဲ"

စာအိတ်အညိုလေးအား ကိုင်ထားရင်း လေပေါ်
မြောက်နေသည့်အတိုင်း လမ်းလျှောက်လာသော
မင်ဂျီနှင့်ဂျောင်ဂုတို့ ထိပ်တိုက်တိုးမိသည်ကြောင့်
ဂျောင်ဂုက သူ(မ)၏ လက်ထဲတွင်ကိုင်ထားသော
စာအိတ်ကိုကြည့်ရင်း ပြုံးဖြီးနေသော မင်ဂျီအား
စိတ်လေနေသည့်အကြည့်မျိုးဖြင့်ကြည့်လိုက်ကာ
ယခုလို​ပျော်နေရသည့်အကြောင်းကိုမေးမိတော့...

"ဘာဖြစ်နေတယ်လို့ထင်လဲ"

...မင်ဂျီက ​ခြေဖျားထောက်ကာ မေးလေးငေါ့ရင်း
ဂျောင်ဂု မျက်နှာနားတိုးကပ်လာပြီး ပါပီလေးပမာ
မျက်လုံးလေးပှုတ်ခတ်ပှုတ်ခတ် လုပ်ပြလာလေရဲ့။

"Public areaကြီးမှာနော်။ နည်းနည်းပါးပါး
ရင့်ရင့်ကျက်ကျက်ပြုမူပေးပါလား"

မင်ဂျီ၏အပြုအမူကြောင့် ဂျောင်ဂုလည်း သူ့ရှေ့မှ
ချစ်သူငယ်ချင်းကြီး၏ နှဖူးအား လက်ညှိုးလေးနှင့်
တွန်းလိုက်ကာ အနောက်သို့ ရွှေ့စေလိုက်တော့၏။
ယခုချိန်ထိရင့်ကျက်မှုမရှိသေးသော သူငယ်ချင်းကို
သူကိုယ်တိုင်လည်းပြောင်းလဲမပေးနိုင်တော့ပါလေ။

Unexpected GuestWhere stories live. Discover now