Episode(5)

120 16 10
                                    

UNICODE

အချိန်ကာလအားဖြင့်တစ်ပတ်တာကြာမြင့်ခဲ့ပါပြီ။

ယင်းတစ်ပတ်တာကာလအတွင်းထယ်ယောင်းမှာ
ဆေးရုံ၌သာကုသမှုခံယူရင်း အချိန်ကုန်ခဲ့သကဲ့သို့
ဂျောင်ဂုမှာလည်း ချစ်ရသည့်အမျိုးသား‌လေးကို
စောင့်ရှောက်သည့်အလုပ်ကတစ်ဖုံလူနာများအဖို့
အမြဲအသင့်ရှိနေမည့်အ‌ရေးပေါ်ယာဉ်လေးလိုက
တစ်ဖွယ် တာဝန်အသီးသီးထမ်းဆောင်လျက်သာ
သူ့တစ်ပတ်တာကို ကုန်ဆုံးခဲ့ပါ၏။ အစတည်းက
ဒေါက်တာဂျွန်ဂျောင်ဂုသည်သူ့အမျိုးသားငယ်ကို
သိပ်ချစ်သူမှန်း ဆေးရုံမှလူများက အရိပ်အမြွက်
သိကြ‌သော်လည်း ယခုတစ်ပတ်တာကာလတွင်မှ
‌ဒေါက်တာဂျွန်၏ချစ်တတ်မှုအားမျက်ဝါးထင်ထင်
တွေ့လိုက်ရသည့်အဖြစ်‌ကြောင့် ဆယ်ကျော်သက်
ဆရာဝန်လေးများကြား အတော်လေးပင် ဟစ်ထ်
ဖြစ်သွားစေခဲ့သည်အထိ။ ဤလိုနှင့်ပဲ ဂျောင်ဂုနှင့်
ထယ်ယောင်းတို့နှစ်ဦးသား၏တစ်ပတ်တာကာလ
ကုန်ဆုံးခဲ့ပါသည်။

ကုန်ဆုံးသွားသည့် တစ်ပတ်တာအလွန်တွင်တော့
သူတို့နှစ်ဦး၏ နားခိုရာ အချစ်အိမ်လေးထံသို့...။

"နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

အချိန်အတန်ကြာခွဲခွာခဲ့ရသော အိမ်လေးတွင်းသို့
ခြေချလိုက်ပြီဆိုလျှင်ပဲထယ်ယောင်းတစ်ယောက်
နေရာအနှံ့ ဝှေ့ကြည့်ရင်းပြုံးလိုက်မိပါသည်လေ။
နောက်တစ်ကြိမ် သူ ဒီကိုပြန်မလာနိုင်တော့ဘူးဟု
ထင်ခဲ့မိတာ၊ သို့သော် ကံကောင်းထောက်မစွာဖြင့်
သူယခု နောက်တစ်ကြိမ် ထပ်မံရပ်နေနိုင်ပြန်ပါပြီ။
ဂျောင်ဂုနှင့်အတူပေါ့။

"ဒါဆို ထယ် အနားယူလိုက်တော့နော်"

ဂျောင်ဂုတစ်ယောက် ဆေးရုံမှပစ္စည်းများအား
ပြန်လည်ထုတ်ပိုးလာသည့် Lagguageကို
ဆွဲလာရင်း ထယ်ယောင်းနောက် ရပ်လိုက်ကာ
တစ်အိမ်လုံးအနှံ့ငေးမောရင်းအတွေးလွန်နေသူ
ချစ်ရသူလေးအား အနားယူရန်ပြောမိတော့....

"ဆေးရုံမှာလည်း လုံလုံလောက်လောက်
အနားယူခဲ့ပြီးပြီထင်တယ် ဂျွန်"

...ထယ်ယောင်းက သူ့ကိုပြန်လှည့်ကြည့်လာရင်း
ခပ်အေးအေးလေးပြုံးကာ ဆိုလာသည်မို့...

Unexpected GuestWhere stories live. Discover now