UNICODE
ခရမ်းရောင်ဆေးဖြင့်အလှဆင်ထားသည့် ဧည့်ခန်း
အတွင်းရှိ ဆိုဖာခုံကျယ်ပေါ်တွင် မျက်နှာချင်းဆိုင်
ထိုင်နေကြသောကောင်လေးနှစ်ယောက်။ ထိုနှစ်ဦး
အနက် ကောင်လေးတစ်ယောက်ကမူ မျက်နှာတွင်
ဒဏ်ရာတို့ဗလပွဖြစ်နေသော ထယ်ယောင်းဖြစ်ပြီး
နောက်တစ်ဦးမူကား ဖူးယောင်နေသောဒဏ်ရာကို
စနစ်တကျဆေးထည့်ပေးနေသောဂျောင်ဂုရယ်ပါ။
ဂွမ်းစလေးဖြင့် ထယ်ယောင်း၏ ပေါက်ပြဲနေသော
နှုတ်ခမ်းထောင့်လေးအား ဆေးထည့်ပေးရင်းသူ၏
နှုတ်ခမ်းမှလည်း ချစ်ရသူစပ်သွားမည်ကိုစိုးသည်မို့
လေဖြင့်တဝှူးဝှူးမှုတ်ပေးနေသေးပါလေရဲ့။"ဘယ်လိုဖြစ်ရတာလဲ ထယ်ရာ၊ အခုမှ
ဆေးရုံကဆင်းလာတာလေကွာ"ဂျောင်ဂုတစ်ယောက် ထယ်ယောင်းဒဏ်ရာများကို
ဆေးထည့်ပေးနေရင်းနှင့် မျက်မှောင်ကြီး ကျုံ့ကာ
ဆိုမိတော့၏။ အထိုးခံရသူကတော့ ဘယ်လိုနေလဲ
မသိပေမယ့် မြင်နေရသူအဖို့ကတော့ အတော်လေး
နာကျင်ရသည်လေ။ ကိုယ်တိုင်က လက်ဖျားနှင့်ပင်
မရွယ်သည်အထိ တန်ဖိုးထားရသောသူလေးသည်
ယခုတော့ တပါးသူ လက်ချက်ဖြင့် မျက်နှာနုနုပေါ်
ဒဏ်ရာများကား မြင် မကောင်းတော့။ ထို့အတွက်
ဂျောင်ဂုမေးရပါမည်လေ။ ယခုမှ ဆေးရုံမှဆင်းခါစ
ဖြစ်သည်ကြောင့် စိတ်ပူလွန်း၍စိုးရိမ်နေခဲ့ရသူအား
ဘာကြောင့် ယခုလို တုံ့ပြန်မှု ပေးလာသည်ကိုပေါ့။"ဆောရီးပါဂျွန်၊ ထယ် မင်ဂျီ့ဆီခနသွားရင်း
လမ်းမှာ ယွန်းဂီဟျောင်း ဒုက္ခရောက်နေတာ
တွေ့တာနဲ့ ဝင်ပါမိသွားတာ"ဂျောင်ဂုအမေးအား ထယ်ယောင်းပြန်ဖြေလာပုံက
တိုတိုနှင့်လိုရင်းပါပင်။ သူ မင်ဂျီ့ထံသို့ သွားသည်။
လမ်းတွင်ယွန်းဂီနှင့်တွေ့၍သူ့ဗီဇအရကူညီမိသည်။
ဤသည်ကားအဖြေပါပင်။ ထို့ထက်ပို၍ ရှင်းသော
အဖြေကိုလည်း ထယ်ယောင်းအနေဖြင့် မစဥ်းစား
နိုင်တော့သည့်ဟန်ပါပေ။ထိုအခါ ဂျောင်ဂုက ချစ်ရသူလေး ဖြေလာသော
အဖြေကိုနားထောင်ရင်း ခပ်ယဲ့ယဲ့လေးတစ်ချက်
ပြုံးမိလိုက်ပြီးနောက်....
VOUS LISEZ
Unexpected Guest
Roman d'amour(Written In Both Z+U) You broke and betrayed me first. But I still want you and still love you. Written By W Gift For Moh Moh