~သခင်ကြင်လျှင် ချစ်ခြင်းမည်~
ဒယ်ဒီနဲ့ အန်တီမြမင်းထင်ကတော့
သားလေး သုံးလလောက်ရှိတော့ အလုပ်ကိစ္စတွေကြောင့်ပြန်သွားသည်။ဝေဖြိုးကတော့ သားကိုမွေးပြီးနောက်ရက်တည်းက အခုထိမပြန်သေးဘဲ အတူနေပေးသည်။
ဝေဖြိုးအလုပ်တွေလဲပစ်ထားခဲ့ရတာမို့ သခင်အားနာပြီး
ပြန်ဖို့ပြောသော်လည်း သူ့တူကိုစိတ်မချလို့ဆိုပြီးပြန်ခိုင်းလို့မရ။အခုလဲ သားမနိုးခင် သူကနို့ဘူးကိုသေချာဖျော်နေသည်။
မိခင်တွေလို သခင်က နို့အရမ်းထွက်သည်မဟုတ်တော့
သားကိုနို့ဘူးလေးပါတိုက်ပေးရသည်။သခင်ဖျော်တာထက် သူကိုယ်တိုင်ဖျော်တာကို
သားကပိုသောက်တယ်ဆိုပြီး ဝေဖြိုးသာတို့ ဂုဏ်ယူနေပြန်သေးသည်။~ring…ring~
"ဝေဖြိုး…မင်းဖုန်းလာနေတယ်"
"အေး လာပြီ"
အအေးခံထားသည့်နို့ဘူးကို သခင့်စီပေးထားခဲ့ပြီး
ဝေဖြိုးကဖုန်းထွက်ပြောသည်။သခင်လဲသားနိုးပြီမို့ အဝတ်တွေလဲပေးပြီး
နို့ဘူးလေးတိုက်နေလိုက်သည်။"သခင်"
"ဟင် ဖုန်းပြောပြီးပြီလား ဘယ်သူဆက်တာလဲ"
"နိဒါန်းညီမ"
"အော်"
မောင့်ညီမလေးက ဝေဖြိုးနဲ့ရင်းနီးမှန်းသခင်သိသည်။
ဝေဖြိုးကလဲ အကုန်ပြောပြထားသည်လေ။"မင်းပြန်မလာသေးဘူးလားတဲ့"
"ဘာပြန်ပြောလိုက်လဲ"
"မသိဘူးပဲပေါ့!
နိဒါန်းလဲ မင်းဒယ်ဒီကုမ္မဏီမှာ အလုပ်စဝင်နေပြီတဲ့""ကျောင်းတစ်ဖက်နဲ့ကို မောင်ကတော့ အာရုံများအောင်ကွာ"
"ဒီကနေပြောမနေဘဲ ပြန်လိုက်တော့သခင်
သူလဲ ကလေးကိုတွေ့ချင်မှာပဲ…သူမင်းကိုလဲ တွေ့ချင်နေမှာ""မပြန်ချင်သေးလို့ပါ ဖြေးဖြေးမှပဲပြန်မယ်"
ဝေဖြိုးဆက်မပြောတော့ဘဲ သခင့်ပေါ်က ကလေးကိုသာခေါ်လိုက်သည်။
'နိဒါန်းသခင်'လေးက သူ့အဖေနိဒါန်းသစ်နဲ့တစ်ထေရာထဲပင်။
သူ့သခင်ဆိုတာလဲ ဒီကောင်ကိုဘယ်လောက်တောင် ချစ်မှန်းမသိ။
ပုံတူပါတစ်ခါထဲထုတ်ပစ်လိုက်တာ။
ဘယ်သူ့မှရိုက်မေးစရာမလိုဘဲ ဘယ်သူ့သားပါဆိုတာ တန်းသိနိုင်မဲ့ဖြစ်အင်။
~~~~~~~~~~~~~~
