part3🤒

1.5K 74 1
                                    

ရိပေါ် barရောက်နေတာအတော်ကြာပြီဖြစ်သည်။

သူငယ်ချင်းများဖြစ်သည့် ဟောက်ရွှမ်းနဲ့ကျိရန်အတွဲသည်လည်း အလွန်အားကိုးရပါသည်။

သူ့ကိုရှေ့ထား၍တိတိတူးနေကြသည်။ 🥴သူတစ်ယောက်တည်း သောက်နေမိပြီး အတော်လေးလဲမူးနေပီဖြစ်သည်။

သူအိမ်မပြန်ချင်ပေ။ တစ်စုံတစ်ယောက်နှင့် မျက်နှာချင်းမဆိုင်လို့လေ။ အရက်သောက်လျှင် အားလုံးကိုမေ့မည်အထင်နှင့် အရက်များသာ ဖိသောက်နေသည်။

သောက်ရင်းနှင့်ပင် သူ့စိတ်ထဲတွင် တွေးတောနေမိသည်။ ထိုစဥ် ရုတ်တရက်အကြံဆိုးကြီး ထွက်ပေါ်လာခဲ့ပေသည်။

သူ့ရဲ့မူပိုင် တစ်ခြမ်းစောင်း အပြုံးကြီးချိတ်စွဲလျက်...

* ကျွန်တော့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့ကိုကို... နာကျင်မှုက ဘယ်လိုလဲဆိုတာသိစေရမယ် *

(ပေါ်ကြီးရက်စုတ်ပါတော့မည်🤧)

ဝမ်အိမ်တွင်

" ရှောင်း ကိုယ်စိတ်ချမယ်နော်
အရေးကြီးလို့သာ ချက်ချင်းသွားရမှာ ကိုယ်မသွားချင်ဘူး "

တစ်ဖက်မှ rpမလာသဖြင့် (ငကျန့်ကအချေ🙄)
" ရှောင်း ကိုယ်သွားပြီနော်
သဘက်ခါပြန်လာရင် ကိုယ်တို့လက်ထပ်ကြမယ်နော် "

ပြောပြီး မြတ်နှိုးမှုအနမ်းသဘောဆောင်သည့် ချစ်ရသူ၏၊နှဖူးပြင်လေးအား နမ်းမည်အပြု ရှောင်းကျန့်မှနောက်သို့ဆုတ်လိုက်သည်။

* ဟက် ရှောင်းကိုတကယ့်ဟာလေးပဲ *

" ဘိုင့်.. ကိုယ်သွားပြီ "

ပြောပြီး၍ အမြန်သာထွက်လာခဲ့သည်။

အလုပ်ကိစ္စကလည်း အရေးကြီးနေသည်မဟုတ်လား။

ဝမ်လုဟန်(ဝမ်ပါး)ထွက်သွားသည်နှင့် ရှောင်းကျန့်လဲရေဆာလာသောကြောင့် ရေယူရန် အခန်းထဲမှ ထွက်လာခဲ့သည်။

မီးဖိုခန်းထဲ ဝင်မည်အလုပ် ဧည့်ခန်းထဲတွင် ထိုင်နေသော ဝမ်အိမ်တော်၏လူယုံ ဦးရှင်းအားတွေ့သောကြောင့် ဧည့်ခန်းထဲသို့သာလျှောက်လာခဲ့သည်။

တွဲလက်တွေမြဲပါရစေ(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ