final💛

2.3K 61 12
                                    

"ကျန့်ကမောင့်ကိုထားခဲ့မယ်ပေါ့ မရဘူးလေဗျာ....
မောင်တစ်ယောက်တည်း...
ဘယ်လိုနေရမလဲ...."

"သူဌေး ဝမ်ရိပေါ်
မနက်ဖြန်တစ်ရက်လေးပဲခွင့်တောင်းနေတာပါ ။
ဘယ်လိုဖြစ်နေရတာလဲ"

ရှောင်းကျန့်ရဲ့မျက်စောင်းလှလှလေးနဲ့အတူ ဆူပူသလိုအသံပိစိလေးကြားရကာမှပဲ သူဌေးဝမ်ရိပေါ်၏လွမ်း‌ဆွေးခန်းတစ်ခန်းရပ်လေတယ်။

"ဟဲ ဟဲ ကျန့်ကလဲ...
တစ်ရက်ဆိုလဲတစ်ရက်ဆိုသလောက်လွမ်းရတယ်လေဗျာ.....
ပြီး ကျန့်ကိုစိတ်မချပါဘူး။
အ့လိုနေရာတွေကလူအရမ်းများတယ်၊ မောင့်အချစ်ကိုသူများတွေဝိုင်းငမ်းမှာကိုမောင်တကယ်စိတ်မချဘူး...."

"တကယ်ခွင့်မပေးဘူးလား"

ကဲဗျာ ငြူစူသလိုလေးကြားရပြန်တော့လဲ ဒီကကောင်ကဘယ်လိုမှမနေနိုင်ဘူး။တကယ်လဲစိတ်မချဘူးလေ ။ကျွန်တော့်ရဲ့အချစ်ကိုအသေငမ်းကျမယ့်လိပ်မတွေသာ အ့လိုနေရာတွေမှာရှိနေရင် ဘယ်လိုလုပ်မလဲ ပြော...
လေဆိပ်ကိုသူ့သူငယ်ချင်းသွားကြိုမို့တဲ့ ခွင့်တောင်းနေတာ။အ့လူကတခြားသူလဲမဟုတ်ဘူး ။
ကျန့်ဟိုမှာနေခဲ့စဉ်တုန်းက ဆိုးတူပေါင်းဖက်ရှိပေးခဲ့တဲ့တစ်ဦးတည်းသော သူငယ်ချင်းကြီးပါတဲ့။အင်းးးးဘယ်လိုငြင်းရပါ့မလဲ။

အကြံရပြီလေ...

"အွန်း ဒါမဲ့ကျန့်မှာရွေးချယ်စရာရှိတယ်"

"......"

"မောင့်ကိုအဖြေပေးမယ်ဆိုရင်တော့ ခွင့်ပေးမယ်။ဒါမဲ့မပေးသေးဘူးဆိုရင်တော့ မောင့်ကိုပါလိုက်ခွင့်ပေးရမယ်။
ကဲ ဘယ်လိုလဲ ကျန့်ရွေးရုံပဲ"

အဖြေပေးရင်လဲ ချစ်သူတွေဆိုတဲ့ခေါင်းစဉ်အောက်ဝင်ပြီးမရရအောင်လိုက်ပစ်မှာဆိုတဲ့ အကြံဆိုးဆိုးလေးကိုတော့ ချစ်ရသူကသိမယ်မထင်။

"အ့ဆိုလဲ နက်ဖြန်မနက်၁၀နာရီ လေဆိပ်မှာဆုံမယ်"ဆိုတဲ့ဆူဆူအောင့်အောင့်ပြောသံလေးကြောင့် အကြံဆိုးလေးက ပလုံစွက်.....

အ့လိုလဲမဆိုးပါဘူးလေ ချစ်ရသူရဲ့အနားမှာနေရတယ်...ဟဲဟဲ ပိစိလောက်လေးကျေနပ်ပါတယ်။

ရှောင်းကျန့်လဲပြောစရာရှိတာပြောပြီးသာ နေရာမှာပြန်ထိုင်၍အလုပ်သာဆက်လုပ်နေလိုက်တယ်။

တွဲလက်တွေမြဲပါရစေ(completed)Où les histoires vivent. Découvrez maintenant