part5🤒

1.3K 57 6
                                    

ရိပေါ်တစ်ယောက် စိတ်ညစ်ညစ်နှင့် ဟောက်ရွှမ်းတို့ရှိရာ barသို့သာ ထွက်လာခဲ့သည်။
barသို့အရောက် ရိပေါ်ကိုမြင်သည်နှင့် ဟောက်ရွှမ်းမှ

" ကိုကိုရေ ကျွန်တော်တို့ဆိုင်တော့နာမည်ကြီးနေပြီထင်တယ်ဗျ "

မအူမလည်ကျိရန်မှ

    " ဘာလို့လဲ "

" ဘာဖြစ်ရမှာလဲဗျ
အရင်ကဆိုတချို့တချို့တွေကို အရိပ်တောင်မမြင်ရဘူးလေ
အခုတော့ချောင်းပေါက်မတက်ဖြစ်နေလို့ နာမည်များကြီးနေသလားလို့ "

ရိပေါ်အားကြည့်၍ ခပ်ထေ့ထေ့စလိုက်သည်။

စနောက်သော်ငြား မရယ်မပြုံးနိုင်သူကတော့ ရိပေါ်ပါပဲ။ သူ့ရဲ့မှိုင်တွေနေသောပုံကြောင့် ဟောက်ရွှမ်းလဲ

   " ရိပေါ် ဘာဖြစ်နေတာလဲ "

မေးကြည့်ရာမှ အကြောင်းစုံကိုသိရသည်။
ကျိရန်ကတော့ စိတ်ထားနူးညံ့ပြီး ရိုးရိုးအေးအေးနေတက်သူပီပီ ခေါင်းတငြိမ့်ငြိမ့်နှင့်သာ။

ဟောက်ရွှမ်းကတော့ ရိပေါ်နှင့်စိတ်တူကိုယ်တူ ရှိသူဖြစ်သဖြင့် တောက်တခေါက်ခေါက်နှင့်ပင်။

ရိပေါ်၏လုပ်ရပ်ကို ဟောက်ရွှမ်းက ထောက်ခံသော်ငြား ကျိရန်ကတော့အဲ့လိုမလုပ်စေပဲ ပြဿနာဖြစ်စေသည့် အကြောင်းရင်းကိုသာရှာဖွေစေလိုသည်။

တစ်ဖက်လူအတွက်လည်း ထည့်စဥ်းစားစေချင်သည်။သို့ရာတွင်လည်း ရိပေါ်နှင့် အထက်တန်းအရွယ်ကတည်းက ခင်လာကြတာဖြစ်သဖြင့် တစ်ယောက်၏စိတ်ထားကို တစ်ယောက်သိနေကြသည့်အတွက် ရိပေါ်ကိုလည်းသူမတားရက်လိုပေ။

ဒါ့ကြောင့် ကျိရန် ဘာမှဝင်မပြောတော့ပေ။
အခြေနေမဟန်မှသာ သူဝင်ပါတော့မည်။

အတူတူထိုင်ရာမှ ဟောက်ရွှမ်း ထသွားသဖြင့် ရိပေါ်တစ်ယောက် ဝိုင်သာဆက်သောက်နေသည်။ကျိရန်ကသူ့တို့ကြားမပါမှန်းသိလို့။ ဟောက်ရွှမ်းပြန်လာသော် ဘေးနားတွင်လည်း မိန်းကလေးတစ်ယောက်ပါလာသည်။ သူသေချာမကြည့်ပေ။
ဟောက်ရွှမ်းက ထိုမိန်းကလေးအားထိုင်စေပြီး သူ့အားမိတ်ဆက်ပေးလေသည်။

တွဲလက်တွေမြဲပါရစေ(completed)Dove le storie prendono vita. Scoprilo ora