part17🤒

1.3K 55 1
                                    

  လွမ်းဆွတ်ဖွယ်ရာ အတိတ်ကိုပြန်လည်တွေးရင်း ရင်နှင့်အမျှ ခံစားနေရသူရယ်က ရိပေါ်ရယ်ပါ။ ချစ်ရသူကို ကိုယ့်လက်နဲ့ကိုယ်တိုင် အဝေးကိုစေလွှတ်စေခဲ့တာ။ ဒါတွေဟာ ဘယ်သူမပြု မိမိမှုပဲလေ။ ဒီကောင်လေးကနာကျင်နေရုံမှတစ်ပါး အခြားတက်နိုင်တာရယ်မရှိ။

   * ချစ်ရသူရယ် မင်းကိုငါလဲ လွမ်းနေရပါတယ်... *

ရိပေါ်အိမ်ပြန်ရောက်ကတည်းက တစ်ယောက်သောသူအား မလွမ်းရသည်မရှိပေ။နေ့စဥ်နဲ့အမျှ နောင်တတွေကိုသာပွေ့ဖိုက်ရင်း ချစ်ရသူအား စောင့်မျှော်လျှက်.....

တစ်ယောက်သူအား သတိရလျှင် နှစ်ယောက်အတူနေခဲ့ဖူးသည့် အခန်းလေးထဲဝယ် ချစ်ရသူရဲ့အငွေ့အသက်လေးများ ရလိုရငြား ချစ်ရသူရဲ့အဝတ်များကို တယုတယနမ်းရှိုက်၍ အလွမ်းတွေကို နှစ်သိမ့်ရတယ်။ အခန်းလေးက သူတို့နှစ်ဦးအတူနေခဲ့သည့်အချိန် မရှိသလောက်နည်းပါးခဲ့သော်ငြား ထိုအခန်းလေးကသာ သူ့ရဲ့အလွမ်းမှတ်တိုင်ရယ်ပါ...

ကိုကိုထွက်သွားခဲ့စဥ်က ကျန်ရစ်ခဲ့သည့်အရာများကို လေဆိပ်မှပြန်ယူစေပြီး သူကိုယ်တိုင်အခန်းထဲ သူ့နေရာနှင့်သူ နေရာတကျ ပြန်လည်ထားခဲ့သည်။သူကတော့ မျက်နှာချင်းဆိုင်အခန်းတွင်သာနေသည်။နှစ်ဦးအတူရှိခဲ့ဖူးသည့် အခန်းလေးထဲတွင် နှစ်ဦးသားစုံတွဲပုံလေးက ခုတင်ခေါင်းရင်းထက်ဝယ် နေရာယူလျှက်.....

ကိုကိုပြန်လာရင် အဆင်သင့်ဖြစ်နေရလေအောင်အခန်းလေးကိုလဲ နှစ်ဦးလုံးအကြိုက်ဖြစ်သည့်အရောင်လေးများနှင့် ခြယ်ထားလျက်ရှိပြီး၊ အမြဲတမ်းသန့်ရှင်းနေရလေအောင် သူကိုယ်တိုင်သာသန့်ရှင်းစေသည်။ ထိုအခန်းလေးက သူတစ်ဦးတည်းရဲ့မူပိုင်....
သက်ဆိုင်သူကတော့ ပုန်းလို့ကောင်းနေတုန်းသာ...

___________________________

ချစ်ရသူက စွန့်ပစ်ခဲ့သည်ဆိုသာနဲ့တင် သူ့မှာနာကျင်နေရပါပြီ။သူ့ရဲ့နာကျင်မှုကို ထပ်မံ၍ ထိုးချသည်က ဝမ်ပါး၏ ဖွင့်ဟမှုတစ်ခု....

" ပါးက ဝမ်လေးရဲ့အဖေအရင်း မဟုတ်ဘူး "

ထိုစကားကလဲ သူ့ကိုထပ်ဆင့်နာကျင်စေပြန်တယ်။
ပါးကသူ့အဖေအရင်းရဲ့ မွေးစားညီဖြစ်တယ်။ သူ့ရဲ့အဖေအရင်းက ဝမ်ကောဟန်တဲ့။ ပါးလုဟန်ကို ဝမ်ဖိုးဖိုးတို့ဂေဟာကနေခေါ်ယူလာခဲ့ပြီး စောင့်ရှောက်ခဲ့တာ။ အနေနီးလို့သံယောဇဥ်ဖြစ်ခဲ့ရတဲ့ ဝမ်ပါးလုဟန်နဲ့အဖေအရင်းက ချစ်ကြိုက်ခဲ့ဖူးပါသတဲ့။ ဒါတွေကိုဝမ်ဖိုးဖိုးတို့ကသိခဲ့လို့ နှစ်ဦးကိုခွဲပစ်စေခဲ့တာ။ ပါးလုဟန်ကိုနိုင်ငံခြားပို့စေပြီး ဝမ်ကောဟန်ကိုတော့သူ့ရဲ့အမေနှင့်ပေးစားခဲ့တယ်။

တွဲလက်တွေမြဲပါရစေ(completed)Donde viven las historias. Descúbrelo ahora