ရှောင်းကျန့်တစ်ယောက်လည်း ပြိုလဲနေသောနှလုံးသားကို ယိုင်လုလုခန္ဓာကိုယ်က ထိန်းချုပ်၍သာအိမ်သိုပြန်လာခဲ့ရသည်။
အခန်းထဲရောက်တော့မှ ထိန်းချုပ်ထားသောစိတ်အား ဖွင့်ချ၍အိပ်ရာပေါ်ပစ်လဲချလိုက်သည်။ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ရေချိုးခန်းဆီသို့ဦးတည်လျက် ရေချိုးခန်းထဲရောက်တော့ ရေပန်းအားဖွင့်၍ ရေပန်းအောက်၌ထိုင်ပြီးမှသာ သူအော်ငိုမိသည်။
နာကျင်စရာကောင်းလွန်းလှတဲ့ သူ့ဘဝလေးကိုမည်သူတစ်ဦးတစ်ယောက်ကမှ * မဖေးမနိုင်ကြတော့ဘူးလား * တွေးရင်း...
အတွေးများကလည်းသူ့ဘဝအတွက်နာကျင်ဖို့အစပြုခဲ့သောအတိတ်ဆီသို့......
----လွန်ခဲ့သောနှစ်လ----
* ရှောင်းကျန့်တစ်ေယာက် ကျောင်းပိတ်ရက်ဖြစ်၍ တစ်ပတ်စာ အိမ်အတွက်လိုအပ်သည်များကို ဝယ်ရန်သူ့တိုက်ခန်းနှင့်အနီးဆုံးmarketသို့သာ ထွက်လာခဲ့သည်။
ညနေကျရင်လဲ ညစျေးတန်းလျှောက်ရန် ရိပေါ်နှင့်ချိန်းဆိုထားသဖြင့် မနက်ကတည်းကလုပ်စရာများလုပ်ထားရန်ဖြစ်သည်။
ရှောင်းကျန့်လဲ တစ်ပတ်စာဝယ်လိုက်ရသည့်အပြင်သူ့အသုံးဆောင်ပစ္စည်းအချို့ကလည်း ကုန်လို့ထပ်ဝယ်လိုက်ရသောကြောင့် ပစ္စည်းများက လက်ဝယ်မနိုင်နင်းနှင့် ဖရိုဖရဲဖြစ်နေပေသည်။ပစ္စည်းများမနိုင်မနင်းနှင့် သူကားရှိရာဆီသို့ လာနေရင်း
' ကျွီ.....၊အားးး '
ရှောင်းကျန့် သူ့အားတိုက်မိပြီအထင်နှင့် ပစ္စည်းများအား ယောင်မှားပြီးလွှတ်ချ၍အော်မိသည်။
ဝမ်လုဟန်တစ်ယောက် မိမိကားရှေ့၌မျက်လုံးစုံမှိတ်၍အော်နေသောကောင်လေးအား ကြည့်လိုက်စဥ်သူ့ရဲ့နှလုံးသားလေး ဖြတ်ခနဲလှုပ်ခတ်မိသွားသည်။* ဘယ်လိုလေးလဲကွာ *
သူ့ရှေ့က သုံးနှစ်သားသဖွယ် လူသားလေးအားကြည့်နေမိပေသည်။
အချိန်ခနလောက်ကြာတော့မှ ရှောင်းကျန့်မျက်လုံးဖွင့်၍ သူ့ကိုယ်သူကြည့်မိသည်။
DU LIEST GERADE
တွဲလက်တွေမြဲပါရစေ(completed)
Fanfictionပထမဦးဆုံးရေးသားခြင်းပါ🌼 အမှားပါရင်လဲခွင့်လွှတ်ကြပါနော် ကိုယ့်လူသားလေးနှစ်ဦးကိုမြတ်နှိုးလွန်းလို့ရေးသားရခြင်းပါ💗 မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ❣️ ကိုယ်ကonly yizhanပါနော်💛💛🙆♀️