part18🤒

1.3K 54 2
                                    

အင်္ဂလန်မြို့ရှိ WS ဆိုသောဒီဇိုင်းကုမ္ပဏီတစ်ခု၌ဝယ်....

      " Congregations  Sean "

  " Thank you "

အဖွဲ့သားတွေကအားလုံးအပြိုင် ဂုဏ်ပြုစကားပြောနေကြသည်။ ဒီလိုဂုဏ်ပြုစကားတွေက သူ့အတွက်မထူးဆန်းတော့ပေ။ သို့ပေမယ့်လဲ ဘယ်သူမဆိုပါလေ ကိုယ့်ကိုအများကချီးမွမ်းတာကို မပျော်တဲ့သူရှိမည်မဟုတ်။

     " Sean ညကျတစ်ဝိုင်းနော် "

" အေးပါကွာ မင်းကလဲ ပြောစရာလိုနေသေးလို့လား"

     " လိုတာပေါ့ မင်းကမွေးရပ်ပြန်ရတော့မယ်ဆိုပြီး အပျော်ကြီးပြီး မေ့သွားမှာဆိုးရတယ်လေ "

" ဟားးး မင်းကတော့လုပ်ပြီနော် "

       " ဟဲဟဲ နေအုံး Sean ..
မင်းကိုမေးချင်နေတာ ဒီတစ်ခါတော့တကယ်ကြီးလက်ခံလိုက်တာပေါ့....ပြောပါအုံး "

" အင်း ဟုတ်တယ်...
ငါအဆင်သင့်ဖြစ်ပြီထင်တယ် ထပ်ပြီးမရှောင်သင့်တော့ဘူးလို့လဲထင်တယ်လေ "

      " အေးပါ အ့တာဆိုလဲပြီးရော
မင်းစိတ်ကသေချာပြီဆိုရင်လဲ ပြီးတာပါပဲ
ကံကောင်းပါစေကွာ...
ငါလဲဒီမှာလက်စသတ်ပြီးရင် လိုက်လာခဲ့မယ်
ဟိုရောက်ရင်လဲငါ့ကိုအဆက်သွယ်မဖြတ်သွားနဲ့နော်
ပြီးတော့ငါ့ကိုစောင့်နေ...ကြားလား "

" ဟုတ်ပါပြီကွာ မင်းကလဲ မင်းကိုစောင့်နေမှာမို့မင်းသာအမြန်လိုက်လာခဲ့...
ဟုတ်ပြီလား "

Seanနဲ့John သူငယ်ချင်းနှစ်ယောက်စကားရပ်ပြီး လုပ်စရာများကိုသာဆက်လုပ်နေကြတော့တယ်။

Sean တွေးမိပါတယ်။သူပြန်ဖို့အဆင်သင့်ဖြစ်နေလောက်ပါပြီလို့။

Seanဆိုတာတစ်ခြားသူတော့မဟုတ်ပါဘူး။ ခင်ဗျားတို့ထင်နေတဲ့ ရှောင်းကျန့်ပါနော်...

ရှောင်းကျန့် ဒီနိုင်ငံကိုရောက်နေတာ သုံးနှစ်ကျော်ပြီ။
စရောက်တဲ့နှစ်တုန်းကဆို သူ့အတွက်အရမ်းပင်ပန်းခဲ့တယ်။ရောဂါကိုလဲ အံတုရတယ်။ဘဝအတွက်လဲကြိုးစားရုန်းကန်ရတယ်။

အင်္ဂလန်ကိုစရောက်တော့ အရင်တုန်းကသူစုဆောင်းထားတဲ့ငွေတွေနဲ့ပဲ ရောဂါကိုကုတယ်။ ကျန်တာလေးနဲ့ဖြစ်သလိုအဆောင်လေးငှားပြီး နေခဲ့တယ်။ နောက်တော့အလုပ်မှန်သမျှ သူလုပ်တယ်။ နေ့မနား ညမနားကိုကြိုးပမ်းပါတယ်။ ဒီလိုလုပ်တာက သူ့ဘဝအတွက်လဲဖြစ်သလို တစ်ယောက်သောသူကိုသတိရချိန်မရှိရလေအောင်လဲဖြစ်တယ်။

တွဲလက်တွေမြဲပါရစေ(completed)Donde viven las historias. Descúbrelo ahora