part10🤒

1.2K 59 1
                                    

ဒီနေ့ကရိပေါ်နဲ့ရှောင်းကျန့်တို့လက်ထပ်စာချုပ်ချုပ်ဆိုမည့်နေ့...

စာချုပ်ချုပ်ဆိုရန် မနက်၁၀နာရီချိန်းဆိုထားသည်။
သို့သော် ရိပေါ် မနက်အစောကတည်းကထွက်သွားခဲ့ပြီး အမှီပြန်လာခဲ့မည်ပြောပြီးထွက်သွားခဲ့သည်။

အချိန်က ၁၁နာရီသို့ညွှန်းပြနေသော်လည်း ရိပေါ်ကရောက်မလာသေးပေ။
ဖုန်းဖြင့်ဆက်သွယ်တော့လဲမရနှင့်၊
ဝမ်ပါးတစ်‌ေယာက်ခေါင်းခဲနေရပြန်သည်။

စာချုပ်ကို အသည်းသန်ချုပ်ချင်တော့လဲသူ ခုကျတော့လဲအချိန်မှီရောက်မလာ အဆက်သွယ်ကလဲမရ။
သမက်လုပ်မည့်သူ ကြည့်ပြန်တော့လည်း အသက်မဲ့စွာငေးငိုင်နေပြီး ဆေးရုံကဆင်းစ နလန်ထူကာစဆိုတော့နွမ်းလျနေပေသည်၊ရှောင်းကျန့်ကြည့်ရတာ သူတကယ်ပင် မသက်သာပေ။

နေ့လည်၁၂နာရီထိုးပြီးသော်လည်း ရိပေါ်ရဲ့အဆက်သွယ်မရသဖြင့် ထမင်းစားချိန်လဲရှိနေပြီ ဖြစ်ပြီးရှောင်းကျန့်ကြည့်တော့လဲ မဟန်လာသောကြောင့်ထမင်းစားပြီး ဆေးသောက်အနားယူ၊ပြောရန်ရည်ရွယ်စဥ်မှာပဲ ရိပေါ်ရဲ့ကားသံကြားလိုက်ရသည်။

ရိပေါ်က အေးဆေးစွာပင်ဧည့်ခန်းထဲဝင်လာသော်လည်း မျက်လုံးကတော့ချစ်ရသူဆီသို့ ပို့လျက်၊ကြည့်ရတာ အဆင်မပြေလိုက်တာဟုငြီးတွားလိုက်သော်လည်း
စိတ်ထဲတွင်တော့ * တောင်းပန်ပါတယ် ကျွန်တော်ဒီတခါတော့မရည်ရွယ်ပါဘူး *

ဝမ်ပါး
အချိန်နောက်ကျမှလဲရောက်လာသေးတယ်၊
ပြီးအေးဆေးတည်ငြိမ်စွာ ဝင်လာသောသားဖြစ်သူကြောင့် ဆူမာန်ချင်စိတ်ကဖြစ်ပေါ်နေသော်လည်းရှောင်းကျန့်ကြည့်တော့ မလှုပ်မယှက် ကျောက်ရုပ်အလားပင် နွမ်းလျလျနှင့် အဆင်မပြေဖြစ်နေမှုကမျက်နှာထက်ဝယ်ပေါ်လွင်နေသောကြောင့် ရိပေါ်အားဒေါသထွက်နေသည့် စိတ်အားချုပ်တည်းလိုက်သည်။

သူ့ရဲ့သားအကြောင်းလဲသိနေပေသည်၊
ခုနေသူသာပြောကြည့်လိုက် ရိပေါ်နှင့်စကားနိုင်လုနေရပေမည်။အချိန်တွေ ထပ်မဆွဲစေလိုသောကြောင့်သာ စာချုပ်ချုပ်ဆိုရန် အစီစဥ်ကိုသာစလိုက်သည်။

တွဲလက်တွေမြဲပါရစေ(completed)Where stories live. Discover now