Extra (Unicode)

5.4K 189 12
                                    

~သခင်ကြင်လျှင် ချစ်ခြင်းမည်~

"နိဒါန်းသစ်"

စူးခနဲဝင်လာသည့် ကိုကို့ရဲ့ဒေါသသံကြောင့်
နိဒါန်းအိပ်ယာကကုန်းထရသည်။
မထလို့လဲ မရတော့ပေ။

ဒါက ကိုကို တတိယအကြိမ်မြောက်နိဒါန်းနာမည်ကိုခေါ်ကာအိပ်ယာကနှိုးခြင်း။
နောက်ထပ်တစ်ကြိမ်သာ သူထပ်အော်ရင် ကျောပြင်သို့မဟုတ် မျက်နှာချောချောထက် လက်သီးတစ်လုံးရောက်လာတော့မှာပင်။

လက်ထပ်ပြီး ခြောက်လအတွင်း ကိုကို့ဒေါသအား နိဒါန်းမကြာခဏမြည်းစမ်းရသောအားဖြင့် အထိုးခံရသည်မှာ ငါးကြိမ်ထက်မနည်း။

နဂိုကမှ ထစ်ခနဲရှိလက်ပါတက်လွန်းတဲ့ကိုကိုက
အခုတော့ နိဒါန်းရဲ့အလျှော့ပေးမှုတွေကြား ပိုလို့သားဆိုးနေတော့သည်။

ဒီလူကလဲ သူ့သခင်ဆိုသည့် သခင်လေးအား နည်းနည်းမှ မအော်ရက် မငြိုငြင်ရက်ဘဲ ပြုံးပြုံးကြီးသာ ငြိမ်ခံနေတက်တော့ ကိုကို စိတ်တိုတက်တာ မထူးဆန်းတော့။

စတွေ့တုန်းကတောင် တမ်းအထိုးခံရတာ
အခုထိ အထိုးရနေရတာလဲ သဘာဝကျပါသည်။
ကိုကိုက နိဒါန်းမျက်နှာကို လက်သီးနဲ့ထိုး။
နိဒါန်းက ကိုကို့ မက်မွန်သီးအား ထိုးချင်ရာနှင့်ထိုး။ ဟဲ…ဟဲ။

"စောစောစီးစီး ဘယ်သူ့အကြောင်းတွေးပြီး မင်းအဲ့လောက်ပြုံးဖြီးနေတာလဲ နိဒါန်းသစ်"

ဒါကတော့ စိတ်တိုတာမဟုတ်ဘဲ သဝန်တိုနေတာပါ။
သူစိတ်တိုတဲ့အခါ သူသဝန်တိုတဲ့အခါမှသာ နိဒါန်းသစ်ဆိုပြီးခေါ်တာ။ကျန်တဲ့အချိန်တွေမှာ မောင်ဆိုတာကို နှုတ်ဖျားကမချသည့် ကိုကိုဖြစ်သည်။

"ကြည့်…မေးတာကိုမဖြေဘဲ ပြုံးနေပြန်ပြီ
လက်သီးတောင်းနေတာလားမောင်"

ခုတင်ဘေးကနေ ခါးထောက်စစ်မေးနေသူအား
ပေါင်ကနေဆွဲယူလိုက်တော့ အနားတိုးကပ်လာသည်။

"စောစောစီးစီး အရမ်းမပွားနဲ့မောင့်သခင်ရယ်
မောင်နားကွဲတော့မယ်"

"မင်းကငါမေးတာမှမဖြေတာ"

"ပြန်မေးဘာသိချင်တာလဲ"

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)حيث تعيش القصص. اكتشف الآن