YBWM 9 Unicode

85 6 4
                                    

ပထမနှစ်ဝက်စာမေးပွဲဖြေဖို့ လဝက်သာ လိုတော့သည်။ လင်းထက် စာတော်တော်များများ ရနေပြီဖြစ်ရာ  အိမ်မှာပဲစာလုပ်ဖြစ်တော့သည်။ ဆရာအာကာက ယခုရက်ပိုင်းမအားသော်လည်း လင်းထက်ကိုတော့ ဂရုတစိုက်စာသင်ပေးမြဲပင်။ အားနာလာသဖြင့် လင်းထက် အိမ်မှာပဲ စာလုပ်တော့မည်ဖြစ်ကြောင်း ဆရာ့ကို သေချာလေး ပြောပြ၍ ခွင့်တောင်းလျှင် ဆရာက ခွင့်ပြုပေးသည်။အလုပ်အရမ်းများတဲ့သူဖြစ်တဲ့အပြင် အခကြေးငွေ တစ်ပြားတစ်ချက်မှ မယူပဲ သင်ကြားပေး သဖြင့် ပို၍ပင်အားနာရပါသည်။

ယခုတစ်နှစ်သာ ဆရာအဖြစ်ဆက်၍ အလုပ်လုပ်ရမည်ဖြစ်ပြီး နောက်နှစ်အလုပ်ထွက်ရတော့မည်ဟုလည်း ပြောလာသဖြင့်
လင်းထက်စိတ်မကောင်းလည်းဖြစ်ရပါသည်။

"သားငယ် မေမေ ကော်ဖီဖျော်လာတယ်။ ခဏတစ်ဖြုတ်နားဦးလေ ...။မျက်လုံးကိုအနားပေးဦးနော်။"

"ဟုတ်ကဲ့မေမေ။ "

"သား လုပ်နိုင်သလောက်ပဲ လုပ်ပါ သားရယ်။
သားအတွေးတွေ အရမ်းများ‌နေတာ မေမေသိပါတယ်။ အရာရာတိုင်းကို သား စိတ်ပူပေးစရာမလိုပါဘူး။
သံယောဇဉ် အရမ်းထားတာဟာ ကြာရင်သားအတွက်အပူတွေများလာမှာ မေမေစိုးရိမ်မိတယ်
သားငယ်။ ကိုယ် လုပ်နိုင်စွမ်းတဲ့ ပိုလုပ်ရတဲ့အခါ ဦးနှောက်ရော၊ ခန္ဓာပါ မအေးချမ်းပါဘူး သားငယ်ရယ် နော်။"

"အာ....သိပါတယ်မေမေရယ်..သား ဘယ်တုန်းက အရမ်းကြိုးစားဖူးလို့လဲ...မေမေ သားကို အရမ်းအထင်ကြီးနေပြီ မဟုတ်ဘူးလား။"

"အိပ်တော့လေ မေမေ ။ညနက်နေပြီ နွေးနွေးထွေးထွေးနေနော်။"

"အေးအေး သားငယ်။ မေမေ သွားပြီနော်။"

ဒီကလေးအကြောင်း ဒေါ်ဌေးဌေးဟန်သိသည်။ဆယ်တန်းတုန်းကလည်း သူများကလေးတွေလို့ဂုဏ်ထူးတွေများစွာနဲ့မိဘကို ဂုဏ်ယူစေချင်ပုံပေါ်သည်။ ငယ်ငယ်ကတည်းက ကျက်စာမှာအားနည်းတဲ့ သားငယ်က ဆယ်တန်းမှာလဲ ဒီလိုပင်။ သင်္ချာဂုဏ်ထူးပါအောင်လုပ်ခဲ့တာတောင် အပြည့်အဝ ပျော်ရွှင်ခဲ့ရပုံမပေါ်ပေ။

နှလုံးရောဂါအခံရှိတဲ့မ‌အေကို အမြဲစိုးရိမ်နေတက်ပြီး
မိဘရှေ့မှာတော့ ဘယ်တော့မှ ထုတ်မပြခဲ့ပေ။
ဆိုင်ဖွင့်ထားသည်ကိုလည်း သူဘာမှ မတက်နိုင်လို့သာကြည့်နေရပုံပင်။
တော်တဲ့ ကလေးနှစ်ယောက်နား ထားမိသည်က သားကိုပို၍ ဖိအားပေးမိပုံပေါ်သွားမည် ကို ဒေါ်ဌေးဌေးဟန် တကယ်စိုးရိမ်လာမိသည်။

You Belong With Me.Where stories live. Discover now