YBWM 10 Unicode

77 6 0
                                    

လင်းထက် ဧည့်ခန်းမှာ စာကြည့်နေရင်း နာရီကိုမော့ကြည့်မိတော့ ညနေသုံးနာရီပင် ရှိနေပြီဖြစ်သည်။
အိပ်နေသူဆီ သွားကြည့်မိတော့ ငြိမ်သက်စွာအိပ်နေဆဲပင်။
နဖူးကိုအသာစမ်းကြည့်မိတော့ အေးနေပြီဖြစ်သည်။

"အစ်ကို...အစ်ကို ...."

အသာ‌လေးလှုပ်နှိုးလိုက်တော့ အစ်ကိုက ထထိုင်သည်။
လင်းထက် အစ်ကိုနဖူးကိုထပ်ပြီး စမ်းကြည့်လိုက်သည်။

"အစ်ကို သက်သာလားဟင်"
ဟုဆိုကာ မိမိနဖူးပေါ်လက်တက်၍ စမ်းသပ်လာသောကောင်လေးကြောင့်
စိုင်း ရင်ထဲ အမျိုးအမည်မသိသော ခံစားချက်မျိုးကို ဖြစ်တည်လာသည်။

"အင်း အစ်ကို သက်သာတယ် ညီ။"

"အဖျားကျနေတုန်း ကိုယ်လက်သန့်စင်ပြီး အင်္ကျီလဲရအောင်လေအစ်ကို နော်။ ချွေးတွေနဲ့ အအေးပြန်ပတ်နေမှာ ဆိုးရတယ်။ အင်္ကျီ ထုတ်ပေးထားမယ်နော် အစ်ကို။"

သူပြောချင်သည်များစွာကို ရွတ်ဆိုနေသူက ဗီဒိုဖွင့် အဝတ်ရွေးနေပြီ ဖြစ်ရာ စိုင်းရေချိုးခန်းထဲ ဝင်ခဲ့သည်။
ကိုယ်လက်သန့်စင်နေစဉ်

"အစ်ကိုရေ ရေမချိုးနဲ့နော် ...။ပြီးရင် မြန်မြန်လေးလုပ် အအေးပြန်ပတ်နေမယ်။"

စိုင်း သတိလက်လွတ်ပင် ပြုံးမိသည်အထိ ။ဒီကလေးက စိုင်းကို သူ့ညီအငယ်လေးနှင့် မှားနေပုံပင်။စိုင်းတဘက်တစ်ထည်ကောက်ပတ််၍ ထွက်လာခဲ့သည်။

စိုင်းပြန်ထွက်လာတော့ အိမ်နေရင်းဝတ်တဲ့ ချည်သားဝမ်းဆက်
မီးခိုးရောင်ကို ထုတ်ပေးထားသည်။ အဲ့ဝတ်စုံသည် စိုင်းရောက်ခါစက လေးလေး ဝယ်ခိုင်းသဖြင့် သူ့အတွင်းရေးမှူး  ဝယ်ပေးထားသည့်အဝတ်များထဲက တစ်စုံ ဖြစ်သည်။
စိုင်း တစ်ခါမှ မဝတ်ဖူးသေးပေ။ မဝတ်ချင်တာဆိုပိုမှန်ပေမည်။
စိုင်းကိုမြင်လျှင် မျက်လုံးကို ဟိုလွဲဒီလွဲလုပ်ကာ မျက်နှာတွေလည်း ရဲနေ၏။ ဒီကလေးကတော့ ရှက်စရာ မရှိ ရှက်နေပြန်ပါပြီ။

"ဟို...အစ်ကို ချည်သားလေး ရွေးထားတယ်။ ပေါ့ပေါ့ ပါးပါးနဲ့
နေလို့ကောင်းအောင်လို့။

"အင်း ညီ။ ဒါနဲ့ မင်းကို ကိုယ်ဖျားနေတယ်လို့ အာကာပြောတာလား ။ "

You Belong With Me.Where stories live. Discover now