YBWM 13 Unicode

61 6 0
                                    

စာမေးပွဲ ဖြေတဲ့ရက်တွေမှာတော့ လင်းထက် အိမ်ကို မပြန်ဖြစ်တော့ပါ။ ဆရာအိမ်မှာပဲ စာကြည့်ရင်း နေလိုက်တော့သည်။ ဆရာကလည်း စာမေးပွဲခန်း စောင့်ရသဖြင့် လင်းထက်ဆရာ့ကားနဲ့ပဲ ကျောင်းသွားရသည်။ စာမေးပွဲ ပြီးလျှင် ခဏနားရမည်ဖြစ်သောကြောင့် လင်းထက်တို့ အုပ်စုကတော့ အလွန်ပျော်ရွှင်နေတာပင်။

ဘာသာစုံကို လင်းထက် အကောင်းဆုံးဖြေနိုင်သဖြင့် စိတ်ကျေနပ်မူတော့ ရှိသည်။
စာမေးပွဲနောက်ဆုံးနေ့ကျရင် သူငယ်ချင်းတွေနဲ့ ခြံထဲမှာ ပွဲလုပ်ပေးမယ်။ စာမေးပွဲကိုသေချာဖြေခဲ့ ဟူသည့် အစ်ကို့ massageကြောင့် လင်းထက် ညက ပုံမှန်ထက်တောင် စာကြိုးစားခဲ့သေးသည်။

အစ်ကိုက လင်းထက်တို့ စာမေးပွဲမဖြေခင် ငါးရက်လောက်ကတည်းက ခရီးထွက်သွားတာဖြစ်သည်။ ပြန်မလာသေးပဲ ဘယ်လိုပွဲလုပ်မှာလဲဟုတောင် လင်းထက်တွေးနေမိသည်။
ကျောင်းကနေ အိမ်ပြန်တော့ အစ်ကိုက လင်းထက်တို့ဆိုင်ရှေ့မှာ ကားရပ်ပေးသည်။

"ညနေ သူငယ်ချင်းတွေနဲ့ အိမ်လာခဲ့နော်။ဟေမာကို တစ်ယောက်ထဲ မနေတက်မှာဆိုးရင် အတန်းထဲက သူငယ်ချင်းတွေပါခေါ်ခဲ့လို့ပြောလိုက်နော်။”

"ဟုတ်ကဲ့ဆရာ။ အစ်ကိုက ခရီးက ပြန်မရောက်သေးဘူးမလား ဆရာ။”

"ဒီနေ့ပြန်ခဲ့မယ်ပြောတာပဲ ။ အိမ်ကို ရောက်ရင်တောင် ရောက်နေတော့မယ်။”

လင်းထက်တို့ကိုမြင်တော့ မေမေက ဆိုင်ထဲကနေ ထွက်လာသည်။

"သား အာကာ။ လာပါ အောက်ကို ဆင်းခဲ့ပါဦးသားရယ်။ အိမ်မှာ အုန်းထမင်းချက်စားတာ။ ဖုန်းဆက်တော့မလို့ သားတို့ဆီကို။တစ်ခါတည်းစား သွားနော်။”

"ဟုတ်ကဲ့ပါ အန်တီဌေး။”

"သားငယ်ရော ဖြေနိုင်ရဲ့လား။”

"ဟုတ် ဖြေနိုင်တယ် မေမေ။

ဆိုင်ထဲ ဝင်ရင်း အာကာနဲ့ လင်းထက် စားပွဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ဆိုင်က ဝန်ထမ်းတွေက အာကာတို့ကို ပြင်ဆင်ပေးနေသည်။

"မွှေးလိုက်တာ ကျွန်တော်တော့ အန်တီဌေး လက်ရာတွေကို လွမ်းနေတော့မှာပဲဗျာ။”

You Belong With Me.Where stories live. Discover now