YBWM 4 Unicode

126 6 0
                                    

လင်းထက် ကျောင်းကနေ အိမ်ကိုသာ တန်းပြန်ခဲ့‌လိုက်တော့သည်။ ထက်ကို ကို စိတ်ထဲအတော် ချဉ်နေမိသည်။ ဒီကောင် မလာနိုင်ပဲနဲ့ လူကိုလာချိန်းနေသေးသည်။ ဘာလို့လဲမေးတော့ စကားပြန်မရပါ။ညရောက်ရင်တော့ ဖုန်းခေါ်ပြီး ဖြေရှင်းချက်တွေပေးတော့မည် ဖြစ်သည်။ဘာတွေဖြစ်နေလို့လဲဟု တွေးမိကာ ကိုယ့်မှာသာ စိတ်ပူနေမိသည်။ဒင်းကတော့ ဘယ်ဆီမယ် မသိရ။

ဆိုင်ကယ်စတန်းမှာ ဝင်တိုက်မိသည့်ဆိုင်ကယ်ရဲ့ ပိုင်ရှင်ကိုလည်းစိတ်ထဲ သိပ့်ပြီးတော့ မကြည်။အားနာစရာကောင်းပေမယ် လင်းထက် မတောင်းပန်မိပေ။
လင်းထက် ကိုယ့်ကိုကိုယ်လည်း အံ့ဩမိသည်။သူတစ်ခါမှ တခြားသူအပေါ် ထို့သို့သော မကောင်းသည့်အပြုအမှုမျိုး မလုပ်ဖူးခဲ့။

အိမ်ပြန်ရောက်ရောက်ချင်းပဲ အဝတ်အစားလဲကာ လင်းထက် ဆိုင်သို့ထွက်လာမိသည်။ကျောင်းတွေလည်း
ပြန်ဖွင့်‌နေပြီဖြစ်ရာ မေမေ့ဆိုင်ကတော့ လူစည်နေပြီဖြစ်သည်။

လင်းထက်ဆယ်တန်းတက်ခဲ့သည် ဘော်ဒါမှ ကျောင်းသားအများစုသည်လည်း မေ့မေ့ဆိုင်မှ ချိုင့်ဆွဲ စားကြသည်ဖြစ်ရာ ခုချိန်အလုပ်ပိုရှုပ်နေလောက်ပြီဖြစ်သည်။ဝန်ထမ်း ခုနှစ်ယောက်လောက်ခေါ်ထားပေမယ့် လူကျလာလျှင် မနိုင်တက်ပေ။

"မေမေ သားရောက်ပြီ"

"ကျောင်းအပ်တာအဆင်ပြေလား သားငယ်"

"ဟုတ်ကဲ့ ပြေပါတယ် မေမေ"

တနင်္လာနေ့ ကျောင်းစတက်ရတော့မည်ဖြစ်ရာ ကြားထဲ သုံးရက်သာလိုတော့သည်။အချိန်ရတုန်းလေး မေမေကိုကူညီပေးနိုင်သလောက်ပေးရမည်ဟု လင်းထက်တွေးနေမိသည်။

================================

ပထမနှစ်ရဲ့ ပထမဆုံးကျောင်းတက်ရက် ဖြစ်လို့ ရင်ခုန်နေမိသည်။
ကျောင်းရှေ့ရောက်တော့ ထက်ကိုနဲ့ ဟေမာက စောင့်နေပြီဖြစ်သည်။အဖြူ အပြာ ယူနီဖောင်း လေးနဲ့ မို့ သုံးယောက်လုံး သဘောကျနေကြ၏။

ထက်ကို နဲ့ လင်းထက်ကတော့ ယောက်ျားလေးတွေဖြစ်၍ ပုခုံးနှစ်ဖက်ပေါ် ဘားပါသည့် ရှပ်လက်တိုအဖြူကို အပေါ်ထပ်ဖလန်ထည် အကွက်လေးတွေထပ်ဝတ်၍ ပုဆိုးနက်ပြာနှင့် တွဲဝတ်ထားကြသည်။ဟေမာကတော့မိန်းကလေးဖြစ်၍ ထမီစကပ်နက်ပြာနှင့် ရင်ဖုံးအဖြူလက်ရှည် ခါးတိုလေးကို ကျောက်ပြာပြာလေးများ ကပ်ထားပြီး ပုံဆန်းဆန်းလှလှလေးချုပ်၍ တွဲဝတ်ထားသည်မှာ လှချင်တိုင်းသာလှနေ‌တော့သည်။

You Belong With Me.Where stories live. Discover now