YBWM 6 Zawgyi

50 4 0
                                    

"စိုင်း ဒီနေ့ ညနေအပြင်ထွက်စရာ ရှိသေးလား"

"မရှိဘူးလေ အိမ်မှာပဲ စာရင်းစစ်ရမယ်။ ဘာလို့လဲ အာကာ။"

"အန်တီဌေးက လင်းထက်ကို စာပြပေးဖို့ ငါ့ကို အကူအညီတောင်းထားတာ ၊ ငါလည်းအားနာလို့ လက်ခံလိုက်တယ်။ အဲဒါ မင်းသဘောထားကို ငါမမေးလိုက်မိလို့ ၊ မင်းအတွက်အဆင်ပြေရဲ့လား။"

"အော် ရပါတယ်ကွာ ဒီအိမ်က မင်းအိမ်ပါ ငါ့ကိုအားနာစရာမလိုပါဘူး။ အန်တီဌေးက ငါ့ကိုတောင် အကူအညီ တွေပေးထားတာပဲ သူ့သားကို ငါတို့လည်း စောင့်ရှောက်ပေးရမှာပေါ့ကွာ။"

"အေးပါ မင်းအဆင်မပြေမှာ ငါက စိုးရိမ်နေတာ။ဒါဆို ညနေ ခြောက်နာရီလောက် လာခိုင်းလိုက်မယ်။ဒါပေမယ့် ညနေ ငါသွားစရာ ရှိလို့ အဲ့ကလေးရောက်ရင် အနေရမခက်အောင်
မင်းကြည့်လုပ်လိုက်ဦး။ မနက်က မင်းဘေးခန်းကို ငါရှင်းထားတယ် အဲ့မှာနေခိုင်းလိုက်နော် စိုင်း။"

"အေး..အေး အာကာ။"

××××××××××××××××××××××××××××××××

လင်းထက် အောက်ထပ်ကိုဆင်းပြီး မေမေတို့အခန်းတံခါးကို ဖွဖွလေးလှည့်ဖွင့်၍ အခန်းထဲ အသာလေးဝင်လိုက်သည်။မွေ့ယာပေါ်မှ ကိုပုစိလေးကတော့ တစ်ရူးရူးနဲ့ အိပ်နေတာမှ သိုးလို့ဖြစ်သည်။ ဒီချစ်စရာကောင်းသော ကလေးလေးက အိမ်ရဲ့ဆည်းလည်းလေးပင်။ စကားအရမ်းတက်သဖြင့် လူတိုင်း၏ အချစ်ခံလေး။ ဟေမာနဲ့ ထက်ကို ကလည်းအလွန်ပင်ချစ်၏။ ဒါတောင် ဒီပုစိက သူ့မုန့်တွေ လုစားတက်သည့် ဟေမာ ကို တစ်ခါတစ်ခါမကြည်ပေ။အသက် ဆယ့်လေးနှစ်ကွာတဲ့ သောကြောင့် လင်းထက် သေချာလေး ဂရုစိုက်ပေးလို့ရသော အခြေအနေမျိုး ဖြစ်နေ၏။ အလုပ်များတဲ့ ဖေဖေနဲ့မေမေ ကြောင့် လင်းထက်နဲ့သာ အနေများ၏။ သူ့အလိုကို
လိုက်ပေး‌တာကြောင့်လည်း ပါလိမ့်မည်။

အပေါင်းအသင်းအများကြီးမရှိသော လင်းထက်အတွက်တော့ ပိုင်လေး နဲ့ လင်းလက်က အကောင်းဆုံး ကစားဖော်များပင်။အိပ်ပုတ်လေး နားရွက်နားကိုကပ်၍ ဖြေးဖြေးလေး နှိုး​ပေးရ​ပေမည်။ဆူညံ့သံတွေနဲ့ နိုးထရတာမျိုးကို လင်းထက် ကိုယ်တိုင်ပင် မကြိုက်ပါ။

You Belong With Me.Where stories live. Discover now