YBWM 7 Unicode

102 6 0
                                    

နေ့လည် ကျောင်းဆင်းတော့ လင်းထက် ထက်ကိုတို့နဲ့ ကန်တင်းမလိုက်ပဲအိမ်ပြန်ခဲ့လိုက်သည် ။ မနက်အစောကြီးရေချိုးမိပြီး အအေးမိထား၍ နေ့လယ်အိမ်ကိုခဏပြန်မည်ဟု တွေးထားသောကြောင့် နေလည်စာ ထမင်းချိုင့်မယူဖြစ်ခဲ့ပေ။ ဆိုင်ကို အရင်ဝင်၍ ခေါက်ဆွဲပြုတ်ပူပူလေး စားပြီး မေမေက Fluza တစ်လုံးတိုက်၏။လင်းထက် ဆေးသောက်ပြီး အိမ်ခဏပြန်နားလိုက်သည်။

လင်းထက်ကျောင်းကိုပြန်ရောက်တော့ ထက်ကိုက လင်းထက်ခုံတွင်ထိုင်နေ၏။ ဟေမာက ထက်ကိုမျက်နှာကို  ဆေး ပလာစတာ ကပ်ပေးနေတာဖြစ်သည်။

"မင်းမျက်နှာ ဘာဖြစ်ထားတာလဲ
မင်း...ရန်ဖြစ်ထားတာလား။"

လင်းထက်မေးနေတုန်း မင်းခန့်လည်းရောက်လာသည်။သူလည်းသိချင်နေပုံပင်။

"ဘာဖြစ်ရမှာလဲ ကျောင်းနောက်က တောထဲမှာ ဇီးသီးသွားခူးရင်း သစ်ကိုင်းခြောက်နင်းမိပြီး ချော်လဲတာမှာ ဇီးကိုင်းခြစ်မိသွားတာ...ဟီးးး" ဟေမာကပြုံးစိစိနှင့်ဆိုလာလျှင်

"ဘာ...." လင်းထက်အံ့ဩမိသည် မကြီးမငယ်နှင့်လေ။

"နင်က ဘာရယ်တာလည်း ဟေမာ...နင်ငတ်နေလို့ ငါသွားခူးရတာမဟုတ်ဘူးလား။"

"ငါ စားချင်တယ်ပဲပြောတာ နင့်ကိုမခူးခိုင်းဘူးနော်..."

"အော်...ကျေးဇူးကန်းမ အဲ့တော့နင်မစားဘူးလား...."

"အာ့ ဖြေးဖြေးလုပ်စမ်းပါဟ။"

ဟေမာ အမြင်ကပ်လာ၍ အရက်ပြန်စိမ်ထားတဲ့ ဂွမ်းနဲ့ ခပ်ကြမ်းကြမ်းလေးတို့ပေးလိုက်သည်။

"ဘယ်မှာလဲ ဇီးသီးတွေက" လင်းထက်မေးလိုက်၏။

ဟေမာကိုမေးငေါ့ပြ၍ ပြောလာသည့်ထက်ကိုမှာ

"ကုန်ပြီလေ ဒင်းစားလိုက်တာ...."

"နင်ပဲကျွေးပြီးတော့ ...သူချော်လဲလို့ခူးလာတာလဲနည်းနည်းလေးရယ်...ပြီးတော့ ငါ နင့်ကိုဆေးလဲထည့်ပေးနေတာပဲ။တီချယ်တွေ အဆောင်ထိတောင် သွားယူပေးထားတာနော်။"

ရန်ဖြစ်နေတဲ့နှစ်ယောက်ကို ကြည့်ပြီး မင်းခန့်ကတော့အူတက်အောင် ရယ်နေတော့သည်။လင်းထက် ကတော့ရယ်ချင်ပေမယ် ထက်ကို ကိုကြောက်၍ မရယ်ရဲပေ။
ကိုယ်တစ်ရက်လေး အိမ်ပြန်မိပါတယ် ပြဲကွဲကုန်တော့တာပင်။

You Belong With Me.Where stories live. Discover now