YBWM 15 Zawgyi

38 4 0
                                    

It's advisable to listen to the song first.🖤

Cocktailနှစ်ခွက်ကိုင်ကာ ရှေ့ကထွက်သွားသူနောက်
ကျန်ခဲ့တဲ့ တစ်ခွက်ယူ၍ စိုင်း နောက်ကလိုက်ရသည်။

"အစ်ကို လုပ်ပေးတာ cocktail ။"

ခုံမှာအကျအန ဝင်ထိုင်နေသူက သူ့သူငယ်ချင်းတွေကိုလည်း
ကြွားနေသေးသည်။

"မဆိုးဘူး...အရမ်းသောက်လို့ကောင်းတယ်။ "

အကြွားသန်လေး ရှေ့ကို စိုင်း တစ်ခွက်ထပ်ချပေးရသည်။
အသောက်သမားလေးက စိုင်းလက်ထဲက သူ့ခွက်ကို မျက်လုံးဒေါက်ထောက်ကြည့်နေတာပင်။

"ဖြေးဖြေးသောက်နော်....သီးမယ်။"

ရေနွေးကြမ်းသောက်နည်းနဲ့ ကိုယ်ရှေ့တွင် တစ်ခွက်သောက်ပြထားသူအား သတိပေးရသေးသည်။

"ငါတစ်ခွက် သောက်မယ်ပေး။"

ပါးစပ်ကလည်းပြော လက်ကလဲ ဆွဲယူသွားပြီဖြစ်သော
ဟေမာ့ကို လင်းထက် တားချိန်ပင်မရလိုက်ပါ။ အစ်ကို လုပ်ပေးထားတာလေးတွေ သူများကိုခွဲမပေးချင်ပါ။

ငိုမဲ့မဲ့နဲ့ ကြည်လာသော ကောင်လေးကြောင့် စိုင်း အသဲယားရပြန်သည်။ ကြည့်လာတဲ့အကြည့်က သူ့cocktailကို လုသွားပါတယ်ပေါ့။ စိုင်းတော့
ဂျပန်လက်မှတ်ရပြီထင်မိ။

"ကုန်သွားရင် ကိုယ်ထပ်ဖျော်ပေးမယ်။"

နားရွက်နားကပ်ခါ တိုးတိုးလေးဆိုမှ မျက်နှာက ပြုံးရောင်သန်းသည်။ ဒီကလေးက ဒီလိုမျိုးလေးလဲ
အူပုတ်တက်သေးတာလားလို့ တွေးမိတော့ ထပ်ပြုံးရတာပါပဲလေ။ ဒီကလေးကြောင့် ကိုယ့်မှာ အမြဲကို ပြုံးနေရတာပင်။

"ကဲကဲ...အခုချိန်ကတော့ ပါဆယ်ထုပ်တွေကို မဲနှိုက်ရမယ့်အချိန်ဖြစ်ပါတယ်ခင်ဗျာ။"

"ဟေးးးးး"

ကိုဇော်အသံကြားတော့ အကုန်လုံးက ပျော်ရွှင်စွာ အော်ဟစ်ကြသည်။

"နာမည်ကိုအရင်မဲနှိုက်ရမယ်...။အရင်ထွက်လာတဲ့ နာမည်ပိုင်ရှင်က ပါဆယ်မဲကိုနှိုက်ရမည်။ ကဲ....အားလုံးreadyလား။

"Yeap......"

ဒါကလည်ယမနီလာနဲ့ မနန္ဒာရဲ့ ideaပင်။

You Belong With Me.Where stories live. Discover now