YBWM 5 Unicode

118 6 0
                                    

ဒီနေ့ လင်းထက်တို့ First year( civil & Mechanical)နှစ်ခန်းပေါင်းလေ့လာရေး ခရီးတို ထွက်ကြမည်ဖြစ်၍ လင်းထက်တို့အုပ်စုတက်ကြွ နေကြ၏။တံခွန်တိုင်မြို့နယ် ထဲတွင်ရှိသော ကသစ်ရွာချောင်း တံတားကို လေ့လာရန်ဖြစ်သည်။တံခွန်တိုင်မှဆိုလျှင် တစ်နာရီနီးပါး ကားစီးရ‌ပေမည်။

အတက်ကြွဆုံးသူတွေကတော့ ထက်ကိုနဲ့ မင်းခန့်တို့ နှစ်ယောက်ဖြစ်သည်။မင်းခန့်က လင်းထက်တို့civilကပင် ဖြစ်သည်။ Civilရဲ့kingအချောလေးလဲဖြစ်၏။အရပ်ခြောက်ပေခန့် ရှိသည့် မင်းခန့်က ရွှေအိုရောင် အသားအ‌ရေ နဲ့မို့ အတော်လေးချောမောပြီး တစ်ကျောင်းလုံးရဲ့ နှင်းဆီခိုင်ကြီးပင်။
စီနီယာ မမတို့ရဲ့ အချစ်တော်လေးမို့ မင်းခန့်မျက်နှာနှင့် လင်းထက်တို့ပင် အတော်လေးမျက်နှာပွင့်ရ၏။

School busနဲ့သွားကြမည်ဖြစ်၍ မိန်းကလေးတစ်ခြမ်း ယောက်ျားလေးတစ်ခြမ်း ခွဲထိုင်ရသည်။ဟေမာကတော့ လင်းထက်တို့ရဲ့ တစ်ဖက်ခြမ်း တစ်တန်းထဲ ခုံတွင်ထိုင်၏။

လင်းထက်တို့ကသာ ဒီဘက်တွင် တတွတ်တွတ် စကားပြောနေကြသော်လည်း ဟေမာကတော့ မေမေထည့်ပေးလိုက်သည့် မုန့်အိတ်ကို အပိုင်စီး၍ သူစားချင်သည်များကို ရွေးချယ်နေပြီ ဖြစ်သည်။
သူမ စိတ်ကြိုက်ရွေးချယ်ပြီးနောက် လင်းထက်ဆီသို့ ကျန်မုန့်ထုပ်များပေးကာ ဆိုလာသည်မှာ

"ဟဲ့ နင်တို့ငါ့ကို ပုံကောင်းကောင်းလေးတွေ ထွက်အောင်ရိုက်ပေးဦးနော်။"

"ဘာလို့ရိုက်ပေးရမှာလဲ ဆုတောင်းလေ"

"နင်မရိုက်ပေးရင် လင်းထက်ရိုက်ပေးလိမ့်မယ်။ နော် လင်းထက်။"

"အေးဟာ ရိုက်ပေးမယ် ရိုက်ပေးမယ် ကြိုက်တဲ့တုတ်အရွယ်အစား ကောက်ခဲ့ ဟုတ်ပြီလား။"

"အေး နင်တို့ ဟွန့်...."

"ဟား ဟားးးးး"

လင်းထက်တို့သုံးယောက်ကိုကြည့်ပြီး မင်းခန့်ကတော့ ပြုံးစိစိဖြစ်နေ၏။ သူ့ခင်ဗျာ ဟေမာကိုကြောက်၍ အော်လဲမရယ်ရဲရှာပေ။

လင်းထက်နဲ့ ထက်ကိုကအတူထိုင်နေတာဖြစ်ပြီး မင်းခန့်ကတော့ လောလောဆယ် တစ်ယောက်ထဲ‌ထိုင်နေရသည်။အချိန်စောနေသေး၍ လူအကုန်မရောက်သေးပေ။

You Belong With Me.Where stories live. Discover now