YBWM 11 Unicode

67 5 0
                                    

ညဘက် လင်းထက် စာလုပ်ပြီးတော့
ဆယ့်တစ်နာရီခွဲ နေပြီဖြစ်သည်။အစ်ကို့ကို တံခါးlockချမထားရန်မှာထားသဖြင့်
လင်းထက် အခန်းထဲ ဝင်လာလိုက်သည်။
အိပ်နေသူနား သွားကာ နဖူးကိုစမ်းကြည့် တော့ နည်းနည်းပြန်နွေး နေပြီဖြစ်သည်။
မကြာမီ ပြန်ဖျားတော့မည်မှာ အသေအချာပင်
ဖြစ်သည်။ ဆေးကြိုတိုက်မှ ဖြစ်ပေမည်။

"အစ်ကို...အစ်ကို... ခဏထပါဦး။
ကိုယ်တွေပြန်နွေးနေပြီ။ ဆေးသောက်ရအောင်နော်။

"ဟင်....အင်း လင်းထက်ဟန်။"

"အစ်ကိုခဏနော် ဆေးမသောက်ခင် တစ်ခုခု စားဖို့ လုပ်ပေးမယ်။

အပြင်ပြန်ထွက်သွားတဲ့ ကောင်လေးကျောပြင်ကိုကြည့်ရင်း စိုင်း ကုတင်ဘောင်ကိုကျောမှီလို့ ထိုင်နေလိုက်သည်။ကိုယ့်နဖူးကို ပြန်စမ်းမိတော့ ကောင်လေးပြောသလို တကယ်ပင် ပြန်ပူနေပြီဖြစ်သည်။ တကယ်တော့ စိုင်း ကိုယ့်ကိုကိုယ် နေပြန်ကောင်းနေပြီလို့ ထင်နေခဲ့တာဖြစ်သည်။ ညဘက်ပြန်ဖျားနိုင်တယ်လို့ ကောင်လေးပြောတုန်းက  တကယ်ဆို စိုင်း လက်မခံချင်ပါ။

ဆယ်မိနစ်လောက် ကြာတော့ ကောင်လေးက
ခေါက်ဆွဲပန်းကန်ကို ကိုင်ပြီး အခန်းထဲပြန်ဝင်လာသည်။ စိုင်း တကယ်ကိုအားနာနေပြီး ဘာပြောရမှန်းလဲ မသိနဲ့ အခက်တွေ့နေပြီ ဖြစ်သည်။

"အစ်ကို ဒါလေးစားလိုက်နော်။ အစာရှိမှ ဆေးဒဏ်ခံနိုင်မှာ။

စိုင်း ပန်းကန်တစ်ဝက်လောက် ကုန်အောင်စားပြီး ထပ်မစားနိုင်တော့ပါ။ ဒါကို သိပုံရသော ကောင်လေးက စိုင်းလက်ထဲ ဆေးတစ်လုံးနဲ့ ရေတစ်ခွက် ထည့်ပေးလာသည်။

"အစ်ကို ဆေးသောက်ပြီးနားလိုက်တော့နော်။"

အစ်ကို့ကိုဆေးတိုက်ပြီးနောက်
လင်းထက် ကိုယ့်အခန်းထဲ ဝင်ခဲ့လိုက်တော့သည်။
နံရံမှာ  ကပ်ထားသော ကိုရီးယားမင်းသမီး ဆောင်းဟေဂို ပုံကိုကြည့်ပြီးနှစ်ချိုက်စွာ ပြုံးမိသည်။အိမ်ကအခန်းထဲက နံရံမှာ ပုံတွေအများကြီးကပ်ထားပေမယ့် ဒီမှာတော့ တစ်ပုံထဲသာရှိသည်။ ဖြစ်နိုင်ရင်အများကြီး ကပ်ထားချင်ပေမယ့် ဆရာ့အိမ်မှာ စာလာလုပ်ပြီး အဲ့လိုလုပ်နေလို့မဖြစ်သေးဘူးမလား။

You Belong With Me.Where stories live. Discover now