YBWM 20 Unicode

123 6 2
                                    

"အစ်ကို စားလို့ရပြီ။"

"အင်း...လင်းထက်ဟန်။"

လင်းထက် မီးဖိုခန်းကထွက်လာတော့ဧည့်ခန်းက
ဆိုဖာမှာအစ်ကိုကထိုင်နေပြီး ပိုင်လေးကတော့ အစ်ကို့ရင်ခွင်ထဲကနေ မုန့်တွေစားရင်း ကာတွန်းကားကြည့်နေသည်။ လက်ညိုးတထိုးထိုးလုပ်ကာ
ပွစိပွစိ နဲ့ အစ်ကို့ကို စကားတွေပြောနေသည်။

"ပိုင်လေး အောက်ဆင်းတော့ ကိုကြီးက မိုင်မိုင်ဆာနေပြီတဲ့။"

"ဟင်...ဟုတ်လား ။ ကိုကြီးက ခုထိ စားရသေးဘူးလား။
သားသား စားပြီးတာတောင်ကြာနေပြီကို ။ စားစရာ မရှိလို့လားဟင်...။"

"ပိုင်လေး...ဘာတွေလျှောက်ပြောနေတာလဲ။"

"ဟမ်....!ဟားဟား..."

ပိုင်လေးအမေးစကားကြောင့် ကောင်လေးက သူညီလေးကို ဆူသလိုပြောနေပြီး စိုင်းကတော့ အော်ရယ်မိသည်။

"အင်း...ကိုကြီးကို မိုင်မိုင်ကျွေးမယ့်လူမရှိလို့..။"

"ဒါဆို သားတို့အိမ်မှာပဲ နေ့တိုင်းနေ့တိုင်း လာစားတော့နော်။
ကိုကြီးကို ကိုကိုက အများကြီးချက်ကျွေးလိမ့်မယ်။ ကိုကိုချက်တာ အရမ်းကောင်း။"

"ဟား....ကျေးဇူးပါ ပိုင်လေးရာ...။ ကိုကြီးကလည်း ပိုင်လေးကို မုန့်မုန့်တွေ အများကြီး ဝယ်ကျွေးမယ်နော်။"

"ဟုတ်တဲ့ပါခင်ည။"

ချက်ချင်း စကားမပီသွားသောပေါက်စကို လင်းထက် ခေါင်းရမ်း၍သာကြည့်မိသည်။ မုန့်ကျွေးလိုက်တာနဲ့
အရမ်းတွေချစ်ပြနေတာပင်။

"လာလေအစ်ကို ။ ပူတုန်းလေး စားရအောင်လို့။"

"အင်း...။ အော်... ဒီမှာ လင်းထက်အတွက် ချောကလက်။
ပိုင်လေးက သွားသပိုးစားမှာဆိုးလို့ စားလို့မရဘူးတဲ့။
လင်းထက်ပဲစားလိုက်နော်။"

"ဗျာ...ဟုတ် အစ်ကို ကျေးဇူးပါဗျ။"

လင်းထက်နောက်ကနေလိုက်၍  စိုင်း ထမင်းခန်းထဲက
စားပွဲမှာဝင်ထိုင်လိုက်သည်။

"အစ်ကို ခဏနော် ။ ငါးသောက်စမ်းလေး ထည့်လိုက်ဦးမယ်။"

"ကြက်သားသုပ် ၊ ငါးနဲ့မျှစ်ချဉ် ကိုရောချက်ထားတဲ့ ငါးသောက်စမ်း၊ မှိုကန်စွန်းကြော်၊ ဆိတ်သားကြော်... စားကြည့်ပါဦး အစ်ကို။

You Belong With Me.Where stories live. Discover now