YBWM 19 Unicode

107 5 0
                                    

စိုင်း အလုပ်တွေပြီးတော့ တံခွန်တိုင်ကိုပြန်ဖို့
အရမ်းကို တက်ကြွနေသည်။ အသဲကွဲနေပါသော ကောင်ငယ်လေးကိုကိုယ့်အချစ်တွေနဲ့ ကုစားပေးရဦးမယ်မလား။

စားမေးပွဲဖြေခါနီးတော့ စာတွေလုပ်ရလွန်းလို့ စိတ်ညစ်နေပါသည်ဟုဆိုကာChocolate candy
တွေ တစ်ခုပြီးတစ်ခု စားနေခဲ့သော ကောင်လေးကို
စိုင်း မှတ်မိနေသေးသည်။ အခုလည်း အချိုတွေကျွေးဖို့ လိုနေပြီဖြစ်မည်။

စိတ်ချပါအချစ်ရယ် ကိုယ်ကလေ
ခပ်ချိုချို ချောကလက်ညိုညိုတွေရော၊ ကိုယ့်အချစ်ချိုချိုတွေရောကို မင်းနှလုံးသွေးထဲ
အချိုဓါတ်တွေ တိုးလို့ နွေးသွားသည်အထိ
ကိုယ်ကျွေးပါ့မယ်။

"ကိုဇော် ဟိုရှေ့က mini market မှာ
ခဏရပ်ပေး။"

"ဟုတ်ကဲ့ပါ boss။"

စိုင်း ဆိုင်ထဲမှာ ချောကလက်တချို့ ကိုရွေးချယ်လို့ ဝယ်လိုက်သည်။ ကလေးငယ် သဘောကျမည်ထင်ပါသည်။
Idolလက်ထပ်တော့မည်ဆိုလို့ အသဲကွဲနေပါသည်
ဟူသော အကောင်ပေါက်ကို တွေးမိရုံနဲ့တင်
စိုင်း ရင်ခွင်ထဲထည့်လို့ ဖျစ်ညှစ်ပစ်ချင်သည်။
ကိုယ့်အဖြစ်ကို တွေးမိတော့လဲ ရယ်ချင်စရာပင်။ ဝယ်စရာရှိတာ အမြန်ဝယ်၍ ကားဆီသာ ပြန်လာခဲ့တော့သည်။

ဘာပဲဖြစ်ဖြစ် လင်းထက်ဟန်နဲ့တွေ့ဖို့ မစောင့်နိုင်တော့ပါ။
သက်ဆိုင်နေသူမရှိဘူးဆိုတဲ့ အသိက ချစ်ခြင်းတရားတွေ
တိုးပွားဖို့ရာ အပြည့်အဝ လုံ့လောက်မူကိုပေးသည်။

"ကိုဇော် လင်းထက်ဟန်တို့ ဆိုင်ကို အရင်ဝင်လိုက်ပါလား။
ဆိုင်မှာများ ရှိနေမလားလို့။"

"ဟုတ်ကဲ့ ကိုစိုင်း"

စိုင်း ဆိုင်ထဲဝင်ခဲ့တော့ ကောင်တာမှာထိုင်နေတဲ့ အန်တီဌေးနဲ့
အရင်‌တွေ့သည်။

"သား ကိုစိုင်း ပြန်ရောက်ပြီလား။"

"ဟုတ်ကဲ့ အန်တီဌေး။ ကျွန်တော် လင်းထက်ဟန်ကို လာဝင်ခေါ်တာပါဗျ။"

"အော်.....သား ညီလေးက အိမ်မှာ။ အခုတလော ဆိုင်မလာပြန်ဘူး ။ အိမ်တွင်း အောင်းနေတာ...။ခေါ်လို့လည်းမရဘူး။ အန်တီဌေး ဖုန်းဆက်လိုက်မယ်လေ။
သားခဏစောင့်နေ‌ပါလား။"

You Belong With Me.Where stories live. Discover now