YBWM 22 (U & Z)

145 6 1
                                    

U & Z

"ငယ်"

နောက်ပါးဆီကခေါ်သံကြောင့် လင်းထက် လှည့်ကြည့်မိသည်။ ပထမဆုံးအကြိမ် အစ်ကိုဆီက ငယ်ဟူသော
နာမ်စားကို စကြားစဉ်ကနှင့်မတူညီစွာ လင်းထက်နားထဲ
ယဉ်ပါး သိမ်မွေ့စွာ ဝင်ရောက်လာသည်။

ရုတ်တရက်ဖြစ်သွားခဲ့ရတဲ့ ချစ်သူရည်းစားဘဝကို
တစ်ခါတစ်လေ အိပ်မက်များဖြစ်နေသလားဟု
လင်းထက် သံသယဝင်နေရစမြဲပင်။ လင်းထက်ကသာ
စိတ်ထဲတစ်မျိုးဖြစ်နေခဲ့ရပေမယ့် ယခုအခြေအနေကို
အစ်ကိုက အသားကျစွာကိုင်တွယ်နိုင်သည်။
လင်းထက်အနေနဲ့ အသက်အရွယ်အရ ရင်ဆိုင်ဖို့ရာ
ကြောက်ရွံ့နေခြင်းဖြစ်ကြောင်းကိုလည်း
အစ်ကိုက ရှင်းပြတက်သေးသည်။

ဆရာတပည့်လို ညီအစ်ကိုလို အခြေအနေကနေ
ပြောင်းလဲလာခဲ့ရပေမယ့် အစ်ကိုကတော့ တူညီစွာ
လင်းထက်အပေါ် ညီလေးတစ်ယောက်လို ဂရုစိုက်မြဲပင်။
မတူညီတာတစ်ခုကတော့ နှစ်ယောက်ထဲ ရှိချိန်ဆို
လင်းထက်ကို အနေရခက်အောင်ထိ ကြည့်နေတက်ခြင်းပင်။
တစ်ခါတစ်လေ‌ဆို လင်းထက်လက်တွေကို မလွတ်တမ်း
ဆုပ်ကိုင်ထားတက်သေးသည်။

နူးညံ့တဲ့ အနမ်းချိုချိုတွေ ပေးတက်သလို တစ်ခါတစ်လေမှာလည်း ကြမ်းရမ်းတက်ပြန်သည်။
ထိုအချိန်မျိုးတွင် လင်းထက် မျက်နှာပျက်စွာ
ငြိမ်သက်နေပြန်ရင်လည်း အစ်ကိုက ခြေမကိုင်မိ
လက်မကိုင်မိနဲ့ ပျာယာခက်စွာ ချော့မြူတက်ပြန်သည်။

*ကိုယ်က ငယ်ကိုမြင်ရင် စိတ်တွေ အရမ်းလှုပ်ရှား
လာကြောင်း ၊ အချိန်ပြည့် ပွေ့ဖက်ထားချင်ကြောင်း၊
ငယ့်ရဲ့ နှုတ်ခမ်းရဲရဲလေးကိုမြင်ရင် အသက်ရူတွေမြန်လာပြီး
ကိုယ်နှုတ်ခမ်းတွေနဲ့ ထိကပ်ထားချင်မိကြောင်း၊
အရာရာတိုင်းကို ကိုယ့်နှလုံးသားက ဦးဆောင်သွားပြီး
ဦးနှောက်က လုပ်ဆောင်မူတွေ ရပ်တန့်သွားကြောင်း*
အကြောင်းအရာ ပေါင်းစုံနဲ့ ချော့မြူတက်ပြန်သည်။

လင်းထက်နဲ့ စတွေတုန်းကတွေးခဲ့ဖူးသော
အမြင်ကပ်ချင်စရာလူကြီး၊ လူအေးကြီး၊
အလုပ်ကြိုးစားသူကြီး၊ အရမ်းတော်သော လူငယ်လုပ်ငန်းရှင်ကြီး စသောအတွေးတွေက
လက်ရှိ အစ်ကိုနဲ့ ထိတွေ့ရသောအခါ ထိုတွေးထင်မြင်ချက်တွေဟာ လွင့်ပါးသွားခဲ့ရပြီး
လင်းထက် ချစ်ရသောသူကြီးဟုသာ
တွေးမြင်နေမိတော့သည်။

You Belong With Me.Where stories live. Discover now