အလယ်တန်းကျောင်းသားအရွယ်ကောင်လေးတစ်ယောက်...အပြေးအလွှား Bus ကားဂိတ်သို့ပြေးနေရသည်။
"အ့.."
ပြေးရင်းဖြင့်လမ်းမှာပင်တစ်စုံတစ်ယောက်ဖြင့်တိုက်မိသည်။
"အ့..ကျွတ်..ကျွတ်..သေပါပြီ... ဒီမယ်ခများလူတစ်ယောက်လုံးလာတာတောင်မမြင်ဘူးလား"
"ဟေ့... မင်းက လည်းဝင်တိုက်သေးတယ်.."
"ကျွန်တော်..ကကျောင်းမမှီ...ဟာ..သွားပြီဗျာ..ခများပြောနေရတာနဲ့ နောက်ကျနေပြီဗျာ "
ပြောချင်ရာပြောပြီး..ထွက်သွားသောထိုကျောင်းသား..နောက်ကျောပြင်လေးကြည့်ပြီးကျွန်တော်ပြုံးမိသည်
ထိုနေရာ၌ ကျန်နေခဲ့သော နာမည်ကဒ်ပြားလေးတစ်ခု...
"Kim Taehyung တယ့်လားနာမည်က ဘာဘဲ ဖြစ်ဖြစ်ကောင်လေးရေ ကိုယ်တို့ ထပ်တွေ့ကြရအုံးမယ်ထင်တယ် "
***************
"ဟော..ရောက်လာပြီလား Kim Taehyung "
တစ်နည်းမဟုတ်တစ်နည်း နောက်ကျတက်သော Kim Taehyung ကို ဆရာတွေဆူရတာအကြိမ်ပေါင်းမနည်း...
"တောင်းပန်ပါတယ်ဆရာ နောက်မဖြစ်စေရပါဘူး"
".သွားပြောလိုက်ရင် မျက်နှာငယ်လေးနဲ့ "
"ဟုတ်ဆရာ"
နောက်ဆုံးအတန်းသို့ကျွန်တော်ဝင်ထိုင်ရသည် နောက်မို့ဆို.. အပြစ်ပေးနေရင်ဒုက္ခ
အမှန်က ကျောင်းနောက်ကျတာက အိပ်ထနောက်ကျလို့ပါ ကျွန်တော်တို့မိသားစုလေးက ဆင်းရဲတယ်လည်းမဟုတ်..ချမ်းသာတယ်လည်းမဟုတ် အလယ်လတ်မိသားစုလေးပါ..
ဒါပေမယ့်အိမ်က လိုချင်တာမှန်သမျဖြည့်စည်းပေးပေမယ့် စာကျတော့ ကျွန်တော်ကတော်တော်ညံ့တယ်.. ဒါနဲ့ ကျွန်တော်နာမည်က
Kim Taehyung ပါ ကျွန်တော့်မှာ အကိုဝမ်းကွဲဖြစ်သူ Min Yoongi ဆိုသူလည်းရှိတယ်...Hyung က ကျွန်တော့်ကိုအရမ်းချစ်ရှာတာ.. ပြီးတော့ထုတ်မပြပေမယ့် သူ့ညီဖြစ်တယ့်ကျွန်တော့်ကိုချစ်တာတော့သိတယ်..
ဒီမနက်...ကျောင်းကိုလာတော့လူတစ်ယောက်နဲ့တိုက်မိခဲ့တယ်..ထိုလူက ချောတော့ချောတယ်.. ဒါပေမယ့်..လည်း အသားနာသွားတာမို့ဘောက်ဆက်ဆက်သာပြောလာခဲ့ရတယ်..
YOU ARE READING
"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"
Fanfictionအကို က ဝင်လာတာတော့လည်း ငါ့မှာမတားမိသလို... ထွက်သွားပြန်တော့လည်းမဆွဲထားမိပြန်ဘူး... လက်လွတ်လိုက်ရတာနာကျင်တယ်..ဆွဲထားပြန်တော့ပျော်ရွင်ခဲ့ရလို့လား....ဟမ်...