{လိုက်မရှာခဲ့တာ မချစ်လို့မဟုတ်ဘူးအကို
ရင်ခွင်တစ်စုံကို အကိုပြန်လာရင် လမ်းပျော်နေမှာဆိုးလို့ ထားခဲ့တယ့်နေရာလေးမှာရပ်နေခဲ့တာ}"Taeလေး.."
"ခမျာ.."
လူသွားလမ်းဖြစ်သည့် လမ်းမကြီးပေါ်တွင် နှစ်ယောက်သားတစ်ယောက်လက်လက်ကိုတစ်ယောက်တွဲကာ..အေးချမ်းစွာလမ်းလျှောက်နေကြသည်။
"ကိုယ့်ကို Tae လေးချစ်တယ်မို့လား"
"ဒါပေါ့ အကိုရယ့် Tae က အကို့ကိုအများကြီးချစ်တာ..."
"အကို့ ကို Tae ယုံကြည်တယ်မို့လားဟင်.."
"ဒါပေါ့အကိုရယ် အမြဲယုံကြည်တယ်..အကို.."
"ကိုယ်လေ Tae ကိုအများကြီးချစ်တယ်ဆိုတာသိထားပါနော်.."
"သိတာပေါ့ အကိုရယ် အကိုမပြောလည်း Tae သိထားပြီးသား.."
*ယုံကြည်တယ်အကို..အကြွင့်မဲ့စွာယုံကြည်တယ်..ဘာလို့လဲသိလား အကိုဖြစ်နေလို့ဘဲ လိမ်နေရင် တောင်ရူးမိုက်စွာ..ယုံကြည်နေမယ့်သူမို့ ထားမသွားလိုက်ပါနဲ့နော်*
*********
Taehyung အိမ်နားလောက်ထိ ပြန်ပို့ပေးပြီးမှ Jung Kook သူ၏အိမ်သို့ပြန်လာခဲ့သည်။"ပြန်ရောက်ပါပြီ.."
"ဟော..သားတောင်ပြန်လာပြီ.. သားရှေ့လေးတင် Hyoung ထွက်သွားတာ.."
"သူက ဘာလာလုပ်တာလဲ.. "
"အောသားရယ်.. ဒီနေ့ သားတို့ကျောင်းသင်တာနားမလည်လိုက်လို့တယ့်..သားကိုလာမေးတာတယ့် "
"အော်..ဟုတ်.. "
"ဒါနဲ့လေ သား "
"ဟုတ် မေမေ ပြောပါ "
"မင်းနဲ့ Hyoung လေးနဲ့က..ဘာတွေလည်း."
"အာ.. မေမေကလည်း ဘာတွေဖြစ်ရမှာလဲ Hyoung နဲ့ကသူငယ်ချင်းတင်ပါ... ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့လို့ ဒီလောက်ပါဘဲ"
"ကလေးမလေးက မတွေ့ရတယ့်နှစ်တွေအတွင်းမှာ အရမ်းတွေကိုချောလာတာ... ပြီးတော ရည်ရည်မွန်မွန်လေး မေမေတော့သဘောကျတာဘဲသားရယ်.."
"ကဲ မေမေ သားပင်ပန်းနေပြီ နားတော့မယ်.. နောက်ရက်တွေ Tae လေးကိုစာပြန်ရတော့မှာ သူတို့ကျောင်းကစာမေးပွဲနီးလာပြီလေ "

YOU ARE READING
"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"
Fanfictionအကို က ဝင်လာတာတော့လည်း ငါ့မှာမတားမိသလို... ထွက်သွားပြန်တော့လည်းမဆွဲထားမိပြန်ဘူး... လက်လွတ်လိုက်ရတာနာကျင်တယ်..ဆွဲထားပြန်တော့ပျော်ရွင်ခဲ့ရလို့လား....ဟမ်...