Final(Unicode)

2K 96 69
                                    

{အကိုကလှပသေသပ်သောပန်ချိီကားလေးဆိုငါကထိုပန်ချီကားကိုးဆေးရောင်ခြယ်ပေးနေရတယ့်စုတ်တံလေးပေါ့}

"Taehyung. ငါလိုက်ပို့ပေးမယ်.."

"ရတယ်..Hyung ကျွန်တော် ဝင်စရာလေးရှိသေးတယ်...အဖေတို့ကိုသာဂရုစိုက်.."

"သား ဂရုစိုက်နော်.."

"ဟုတ်..အမေ.. အဖေသွားပြီ..Hyung သွားပြီ.."

Hyung ငှားပေးလိုက်သော Taxi လေးကိုစီးကာ အကိုတို့လမ်းကြားထဲကနေဖြတ်မောင်းခိုင်းလိုက်သည်။

"ခန..ဦးလေး ဒီနားလေးရပ်လိုက်.."

အကိုတို့အိမ်ကိုမြင်ရသည့်နေရာ ခပ်လှမ်းလှမ်းတွင်ငါကားကိုရပ်ခိုင်းလိုက်သည်။

ခနအကြာ ခြံထဲက အကို တို့မိသားစုထွက်လာသည်။

အကို့အမေဟုထင်ရသည့် အမျိုးသမီးက သူမ၏လက်ကိုကိုင်ကာစကားတွေပြောနေခဲ့သည်။ အကိုကလည်းပြုံး၍ သူမကိုကြည့်နေခဲ့သည်။ သိပ်နာကြင်ဖို့ကောင်းတယ့်မြင်ကွင်းမျိုးပေါ့...ဟက်....အကိုတို့အတွက်ကတော့ကြည်နူးစရာပေါ့..

"ဦး..ဦးလေး ရပြီမောင်တော့... "

ဘာမှ..ဆက်မတွေးချင်တော့တာမို့ တိုက်ခန်းကိုသာ..ငါမောင်းခိုင်းလိုက်သည်။

တိုက်ခန်းကိုရောက်တာနဲ့ ငါစိတ်အလုံးအစုံကိုလွှတ်ချလိုက်သည်။ ပါးပြင်ပေါ်ကိုကျဆင်းလာသော မျက်ရည်စတွေကိုလည်းငါမသုတ်ဖြစ်..အခုလောလောဆယ်...ငါခေါင်းထဲမှာလုံးဝဗလာကျင်းနေပြီ..ငါဘာမှဆက်မတွေးချင်လောက်အောင်..နာကြင်ရတယ်....နာကြင်ရပေမယ့်လည်း..အကို့ကိုငါရူးမတက်ချစ်သည်။

ဘာမှအရမ်းမတွေးချင်တော့လို့... ငါရေချိုးခန်းထဲကရေပန်းကိုဖွင့်ကာ...အတန်ကြာငါထိုင်နေခဲ့သည်...စီးဆင်းသွားသောရေစက်တွေနဲ့အတူ ငါ့မျက်ရည်စတွေပါအတူရောယှက်သွားခဲ့သည်။

ခနအကြာငါဘာမှမသိလိုက်..ငါမျက်လုံးအစုံမှာလည်းမှိတ်လို့သွားခဲ့ပြီ...

*********

မနက်..ပိုင်းလား..ညနေခင်းပိုင်းလားကို ငါသေချာမမှတ်မိဘဲနိုးထာမိသည်။

"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"Where stories live. Discover now