{မုန်းချင်တာပေါ့ အကိုရယ် ဒါပေမယ့် ကျွန်တော်နှလုံးသားကမှလက်မခံဘဲ မေ့ပစ်ချင်တာပေါ့ အကိုရယ် ဒါပေမယ့်နှလုံးသားကငြင်းပယ်ပြန်ရော.. အတိတ်ကစကားပြောတယ် အကိုနဲ့ကျွန်တော် သိပ်ချစ်ခဲ့ကြပါတယ်တယ့်}
"Taehyung "
"အာ... Jimin"
"မင်း မနေ့ညကလည်းအဆောင် ပြန်မအိပ်လို့ ငါ့မှာ မနည်းလိမ်ပေးထားရတယ်.."
"ကျေးဇူးပါ Jimin ရာ "
"မင်းနဲ့ငါ့ကြားမှာကျေးဇူးမလိုပါဘူး Taehyung ရာ.."
Jimin ...Park Jimin က တက္ကသိုလ် မှာ အားကိုးဖော်သူငယ်ချင်းဖြစ်ခဲ့သည်။
စစချင်း ကျွန်တော် မလည်မဝယ်စရောက်တုန်းက Jimin ကဘဲ ကူညီခဲ့တာ တက္ကသိုလ် မှာစခင်တယ်ဆိုပေမယ့် သူငယ်ချင်းအရင်းတွေလိုဘဲ အရမ်းချစ်ကြတာလေ...
"Taehyung မင်း အကိုဆိုသူကသတင်းတွေအရမ်းထွက် နေတယ်နော်.."
အဖေတို့ အမေ တို့Hyung တို့မသိသေးတယ့် ကိစ္စတွေကိုတောင် Jimin က်ိုပြောပြထားသည်။
"Jimin ရယ် အဲ့တာ ကောလဟာလတွေပါ.."
"ဘာဘဲ ဖြစ်ဖြစ် မင်းအကိုဆိုသူက အရမ်းကြီးဖြစ်နေလွန်းတယ်..ဒီသတင်းတွေထွက်တာလဲသူသိမှာဘဲလေ...."
"Jimin မင်းက အကို့ ကိုဘယ်တုန်းကအမြင်ကြည်ဖူးလို့လဲ"
"သူ့ပုံစံက တည့်ချင်စရာလား မင်းကအရမ်းမျိုသိပ်နိုင်လွန်းတယ် Taehyung ငါသာဆိုပြောပြစ်မှာ "
"ကဲပါ ချစ်သူငယ်ချင်းလေးရယ် အခုတော့ ထမင်းစားကြရအောင်နော်..မင်းတရားချတာနောက်နေ့မှချ.."
**************
"ဟုတ်တယ် အကို မလာဖြစ်ဘူး Tae အခုရက်ပိုင်းစာတွေပိနေတာ " 📲
ဒီရက်ပိုင်း စာတွေနှစ်ယောက်သားပိနေကြပြီး အကိုနဲ့မတွေ့ဖြစ် အခုလည်းအကို့ ကိုဖုန်းနဲ့သာဆက်၍ ပြောနေရခြင်းဖြစ်သည်။
"အကို လာတွေ့မယ်လေ အဆောင်ကို" 📲
"ဟာ..မလာနဲ့မလာနဲ့ Hyung ကအခုရက်ပိုင်းလာနေတာ တွေ့သွားရင် တစ်မျိုးထင်လိမ့်မယ်"📲
"Yoongi က ကလေးသူငယ်ချင်းကိုလာတွေ့တာနေမှာပေါ့ "📲
"ဟမ်..? Tae သူငယ်ချင်း.. Jimin! ..."📲
YOU ARE READING
"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"
Фанфикшнအကို က ဝင်လာတာတော့လည်း ငါ့မှာမတားမိသလို... ထွက်သွားပြန်တော့လည်းမဆွဲထားမိပြန်ဘူး... လက်လွတ်လိုက်ရတာနာကျင်တယ်..ဆွဲထားပြန်တော့ပျော်ရွင်ခဲ့ရလို့လား....ဟမ်...
