Part-9(Unicode)

970 68 26
                                    

{မုသားစကားတွေကိုမှ..ယုံမိနေတော့လည်း
အကို့ အထိအတွေ့မှာမလွတ်မြောက်နိုင်တော့ဘူးပေါ့}

"Jimin ပြန်ရအောင်..."

"ဟင်..Taehyung မင်းဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူးငါအဆောင်ပြန်ချင်လို့"

"အေးပါ..အေးပါပြန်မယ်နော်.."

အကိုတို့ က ဒီဆိုင်ဘက်ကိုတည့်တည့်ကြီးကူးလာနေသောကြောင့် ငါအမြန်ထွက်သွားရန်ပြင်လိုက်သည်။

"Jung Kook Hyung "

သွားပြီ... အကို့ ကို Jimin မြင်သွားပြီ..ကျေးဇူးပြုပြီး အကိုမကြားပါစေနဲ့..Jimin ခေါ်သံကို..

"ဟာ..Jimin တို့....Taehyung လည်းပါတာကို"

Taehyung တယ့်လားအကိုရယ်...

"Jung Kook Hyung ကဘယ်လာတာလဲ"

"အာ..ဒီညစျေးတန်းကိုလာတာလေ အတူတူဘဲလား"

"ဟူတ်တယ်..Jung Kook Hyung ကျွန်တောလည်း Taehyung ကိုခေါ်လာတာ "

"ဒါနဲ့...ဒီဘက်က.."

Jimin က Jung Kook ဘေးနားက အမျိုးသမီးကိုမေးလိုက်ခြင်းဖြစ်သည်။

"အာ...တွေ့ရတာဝမ်းသာပါတယ် တို့နာမည်က Eee Hyoung ပါ မောင့်ရယ့်ရည်းစားပါ "

"ဗျာ...! "

"ဘာများဖြစ်တာလဲမသိဘူး"

အကို ကတော့ ငါ့ကိုဘဲ ကြည့်နေခဲ့သည် အေးစက်လိုက်​တာ မောင်တယ့်လား...
အကိုရယ်...ဘာလို့ဘယ်လိုမှ..မဖြစ်သလိုနေနေတာလဲ

"Ji..Jimin ပြန်ရအောင်...ငါခုနက ငှက်သိုက်မုန့်လေးစားချင်လို့..အ​မြန်ပြန်ရအောင်.."

Jimin ကငါ့အားနားမလည်သလိုကြည့်နေသည်။

"အင်း Taehyung ပြန်မယ်.."

ငါ့လက်ကို Jimin စုပ်ကိုင်ကာ...ပြုံးပြရင်းပြောလိုက်သည်။ ငါမြင်ဖြစ်အောင်မြင်လိုက်ပါ​သေးသည် အကို့မေးရိုးများတင်ကားသွားတာကို...ဟက်ရယ်ရသား သူမက အကို့လက်မောင်းကို အတည်တကျ..တွဲထားလို့....

"အဆောင်ကိုတန်းပြန်နော်.."

နောက်မှ...ကြားလိုက်ရသောအကိုစကား...ပြန်လည်တုန့်ပြန့်တော့မည် Jimin ၏ လက်ကိုပိုပြီးစုပ်ကိုင်လိုက်သည်။

"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"Where stories live. Discover now