"Jung Kook "
"Yoongi မင်းကိုစောင့်နေတာ နောက်ကျနေလိုက်တာကွာ "
"နောက်ဆိုသလို အိမ်က အငယ်လေးကို သြဇာခြွေနေရတာ.."
"မင်း ညီလေးဆိုတာလား"
"ဟုတ်တယ်...ကွာ.သူ့ ကိုစာကြိုးစားချင်စေတာ ဒါနဲ့ မင်းကိုအကူညီတောင်းရအုံးမယ် "
"အင်းပြောလေ Yoongi ငါကူညီနိုင်တာဆိုကူညီပေးပါ့မယ် "
"မင်း အဆင်ပြေမယ်ဆို ငါ့ညီလေးကိုစာပြပေးနိုင်မလား.."
"ဟင် ငါကလား.."
"ဟုတ်တယ်..မင်းကစာတော်တယ်လေငါ့ထက်တောင် ကူညီပါ..."
"ရပါတယ် ဒါက ငါကအဆင်ပြေပါတယ် ငါတို့ က 1st mb ဘဲရှိသေးတာဆိုတော့.အဆင်ပြေပါတယ် အချိန်ညှိကြတာပေါ့ "
"အင်း အဲ့တာကြောင့်ကူညီပါ မင်းကို စာသင်ကြေးလည်းငါပေးမှာ..မင်းမယူလည်းပေးမှာငါက"
"မင်းကတော့ ဘယ်အရာမှကို အလကားမယူချင်တာငါသိပါတယ် Yoongi ရာ "
"အင်း ဒါဆို..မနက်ဖြန်ကျ..ရင်စပြီးသင်ပေးပါ Jung Kook "
"အင်းပါ တစ်လမ်းကျော်လေးဘဲကို မင်းကလည်းငါလာခဲမယ် ပြီးတော့ မင်းညီနာမည်ကဘယ်သူလဲ "
"Kim Taehyung.. နာမည်က Kim Taehyung"
***********
*ကျွန်တော့်နာမည်က Jeon Jung Kook ပါ ကျွန်တော်တို့ကအလယ်အလတ် မိသားစုကနေမွေးဖွားလာတယ့်သူပါ
ပြောရမယ်ဆို ကျွန်တော်က Doctor သိပ်ဖြစ်ချင်တာ..
အဖေက တစ်ယောက်တည်းကြိုးစားပြီး
ကျွန်တော့်ကိုကျောင်းထားပေးခဲ့တယ်အခုဆိုကျွန်တော်ဖြစ်စေချင်သလို ဖြစ်ရတော့မယ်လေ စာကြိုးစားမှုကြောင့် အခုဆို
1st MBBS တောင် တက်နေရပြီ...ကျောင်းလိုက်ရင်းအပိုဝင်ငွေလည်းရ သူငယ်ချင်းကိုလည်းကူညီပြီးသားဖြစ်အောင်..သူငယ်ချင်းညီကိုစာပြပေးရမယ်လေ
ကျွန်တော် အထက်တန်းမှာကျောင်းစပြောင်းလာတော့ Yoongi နဲ့ခင်ခဲ့တယ် အတော်ရင်းနှီးတယ့်သူငယ်ချင်းပေါ့ဗျာ..အခုထိဘဲ နှစ်ယောက်သားစာကြိုးစားမှုကြောင့် ဆေးတက္ကသိုလ်ကြီးကိုရောက်လာခဲ့ပြီလေ

YOU ARE READING
"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"
Hayran Kurguအကို က ဝင်လာတာတော့လည်း ငါ့မှာမတားမိသလို... ထွက်သွားပြန်တော့လည်းမဆွဲထားမိပြန်ဘူး... လက်လွတ်လိုက်ရတာနာကျင်တယ်..ဆွဲထားပြန်တော့ပျော်ရွင်ခဲ့ရလို့လား....ဟမ်...