{အချိန်တွေသာ နောက်ပြန်လှည့်လို့ရမယ်ဆိုရင်လည်း ကျွန်တော့်ရွေးချယ်မှုက အကိုဘဲဖြစ်နေမှာပါ}
"Taeလေး.. Tae..! "
ဒီနေ့ Taeလေးကို ကျောင်းရှေ့မှာသွားစောင့်နေမိသည် မနေ့က Taeလေးဖျားနေသည်ဟုဖုန်းဆက်သောကြောင့် စာသွားမသင်ရ မနက်ကျတော့လည်းပို့ထားတယ့် message တွေမဖတ်.. အခုကျောင်းရှေ့မှာသွားစောင့်နေသော်လည်း အဖတ်မလုပ်ဘဲကျော်သွားပြန်သည်..
"Taeလေး..လို့! "
"ကျစ်..ဘာလိုက်လုပ်တာလဲ.."
"ဘယ်လို... "
"ဟုတ်တယ်လေ ဘာလိုက်လုပ်တာလဲ အကိုကျောင်းမှာရှိနေရမယ်မဟုတ်လား "
"နေအုံး Tae လေး ဘာတွေဖြစ်နေတာလဲ ဆိုတာကိုယ့်ကိုပြောပြပါ့လား "
"ဘာမှမဖြစ်ဘူး အဲ့တာကြောင့်လာမမေးနဲ့ "
တစ်ဖန် ထွက်သွားသော Taehyung ၏နောက်သို့လိုက်ရပေပြန်သည်။
"Tae...! ကိုယ့်ကိုဒေါသထွက်အောင်မလုပ်နဲ့..ကိုယ်ပြောတာကိုလည်းနားထောင်အုံးနော်.."
Jung Kook...Taehyung ၏ လက်ကောက်ဝတ်ကိုဆွဲကာမေးလိုက်သည်။
"ဘာကိုလည်း..အကို့ဘာသာဖြစ်နေတာ ကျွန်တော်ကဘာမှမဖြစ်ဘူး"
"မဖြစ်တာကိုကဖြစ်နေတာ Tae ဘာတွေဖြစ်နေတာလဲ "
"မဖြစ်ဘူး...အခုလွှတ်တော့.."
"မလွှတ်ဘူး ကိုယ်မေးတာကိုဖြေလေ "
"ဘာကိုဖြေရမလဲ..ဘာမေးခွန်းအတွက်လည်း ဖယ်တော့အကိုရာ....ကျွန်တော်သွားတော့မယ်.."
Jung Kook ၏ ဆွဲထားသောလက်ကိုမရမကဇွတ်ဖြုတ်နေလေသည်။
"Kim Taehyung.. ! "
Jung Kook စိတ်မရှည်တော့သဖြင့် အသံမာမဖြင့်အော်လိုက်သည်။ လူသွားနည်းတယ့််လမ်းကြားမှာမို့ ဘယ်သူမှ..တော့ရှိမနေပေ။
"ဟင့်..ကျွန်တော့်ကို မအော်ပါနဲ့.."
နောက်ဆုံးတော့ Jung Kook စိတ်လျော့လိုက်ရပြီ.. Taehyung ၏မျက်ရည်များက Jung Kook ၏ အားနည်းချက်ဖြစ်သည်မဟုတ်လား.
"Taeလေးရယ် ကိုယ်တောင်းပန်ပါတယ်ကွာနော်.. ကိုယ်..ဒီတိုင်းအော်မိသွားတာ..ခွင့်လွတ်နော် "

YOU ARE READING
"အကို့နာမည် ကျနော့်နှလုံးသားတွင်း၌သာ တွင်ကျန်သည်"
Fanfictionအကို က ဝင်လာတာတော့လည်း ငါ့မှာမတားမိသလို... ထွက်သွားပြန်တော့လည်းမဆွဲထားမိပြန်ဘူး... လက်လွတ်လိုက်ရတာနာကျင်တယ်..ဆွဲထားပြန်တော့ပျော်ရွင်ခဲ့ရလို့လား....ဟမ်...