Chapter 3 ~I don't want to be alone~

2.8K 195 5
                                    

~I do not want to be alone. I do not want to experience it.~

မယ်လွန်တစ်ယောက်ဒီလမ်းကြားတွေကြားတွေမှာပဲယောင်လည်လည်နဲ့ရှိနေသည်။ သူလာတုန်းကအတိုင်းနည်းနည်းမှတ်မိချင်သလိုရှိပေမယ့်သူအိမ်ကနေဒီလိုထွက်လာဖူးတာဒါပထမဦးဆုံးအကြိမ်သာရှိသေးတာကြောင့်ရောလမ်းကြားပုံစံတွေကလည်းဆင်တူသလိုလိုရှိတာကြောင့်ရောဒီလမ်းမြင်ရင်လည်းဟုတ်သလိုလိုဟိုလမ်းမြင်လည်းဟုတ်သလိုလိုရှိနေသည်။ သူဆက်လျှောက်နေပေမယ့်အိမ်ကိုတော့ပြန်မရောက်လာသေးဘူး။

ညနေစောင်းလာပြီးမှောင်ချင်လာတော့မယ်လွန်ကြောက်စိတ်ဝင်လာသည်။ မျက်လုံးတွေလည်းပြာလာပြီးလမ်းလျှောက်ထားတာများတော့ခြေထောက်တွေလည်းညောင်းလာသည်။ ဒီလိုနဲ့သူအိမ်ပြန်မရောက်တော့ဘူးလားဆိုတာကိုတွေးပြီးငိုချင်လာသည်။

မနက်ကထဲကအိမ်ကထွက်လာခဲ့ပြီးနေ့လယ်ကဘွားဘွားကမုန့်အများကြီးကျွေးထားတာကြောင့်လမ်းလျောက်ဖို့အားတော့ကျန်ပါသေးသည်။ လမ်းခွနားရောက်တော့ဘယ်ဘက်လမ်းကိုဆက်သွားရမယ်မှန်းမသိတော့တာနဲ့အနားကဓာတ်တိုင်တစ်ခုမှာငုတ်တုတ်လေးထိုင်​ပြီးမယ်လွန်အသံတိတ်မျက်ရည်ကျနေသည်။ ကျယ်ကျယ်ငိုရင်လူဆိုးတွေလာဖမ်းလိမ့်မယ်လို့လူကြီးတွေကပြောပြောတတ်နေတာကြောင့်သူ့စိတ်ထဲမှာအဲ့စကားကနားထဲစွဲနေသည်။

'"သား မယ်လွန်"'

"'သား"'

"'မယ်လွန်"'

ငိုနေရင်းအဝေးကနေသူ့ကိုမေမေဖေဖေတို့ခေါ်တာကြားလိုက်ရသည်။ ​ခေါ်သံကြောင့်မယ်လွန်အငိုတိတ်​ပြီးနားစွင့်လိုက်သည်။ ခေါ်သံတဖြေးဖြေးနီးလာတော့သူအကျယ်ကြီးထူးလိုက်သည်။

"မေမေ ဖေဖေ"

သူ့​မေ​မေကိုလည်း​တွေ့​ရောမယ်လွန်ငိုကြီးချက်မနဲ့ပြေးဖက်တော့သည်။ တော်တော်ကြာအငိုမတိတ်တာကြောင့်တော်တော်လေးချော့ယူလိုက်ရပြီး အငိုတိတ်တော့ရှိုက်နေသည်။

"သားအိမ်ပြန်ချင်တယ်"

"ပြန်ရအောင်..အိမ်"

မေမေဖေဖေလက်ကိုဆွဲပြီးအိမ်ကိုသူစိတ်ချလက်ချပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ရေမိုးချိုးအဝတ်အစားလဲပြီးတာနဲ့အိပ်ပျော်သွားသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now