Chapter 15 ~Don't hold back your Feelings~

2K 128 19
                                    

~Be brave enough to love someone. Don't hold back! I support you two. Let's your problem be my problem~

ဇိုးကသူ့ကိုဘယ်ကိုခေါ်လာမယ်မှန်းကြိုမပြောတာကြောင့်မယ်လွန်မေးကြည့်တော့ကားစမ်းမောင်းတာလို့ဖြေသည်။ ကားစမ်းမောင်းတာကိုပဲကို သူများကိုအသည်းအသန်ကားပေါ်ဆွဲခေါ်တင်လာ​သေးသည်။ ဇိုးကားပါကင်ထိုးပြီးကားရပ်လိုက်တဲ့နေရာကတော့အင်းယားကန်ဘောင်နားကကားပါကင်တစ်နေရာဖြစ်သည်။ အဲ့ဒီလမ်းကလူရှင်းတဲ့အပြင်ကားလမ်းကြောင်းကသိပ်မရှုပ်တာကြောင့်မောင်းလို့အဆင်ပြေသည်။

"ကျောင်းကလူတွေတောင်ကောင်းကောင်းမပြန်ကြသေးဘူး။ ရှိနေ​သေးလို့​တွေ့သွားရင်ဘယ်လိုလုပ်မလဲ"

"ဘာလုပ်ဖို့ဂရုစိုက်မှာလဲ"

"မဟုတ်ဘူးလေ။ နှင်းရဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်တွေ့သွားရင်နှင်းကမင်းကိုပြောနေမှာစိုးလို့"

"သူကဘာပြောလို့ရမှာလဲ။ ငါကတစ်ခြားကောင်မလေးနဲ့မှမဟုတ်ဘဲ။ ကောင်းလေးနဲ့ကို..။ ပြီးတော့မင်းလေတစ်ခြားသူမှမဟုတ်တာ။ မင်းကိုသူဘာပြောမှာမို့လဲ "

"ငါက.."

"တော်တော့။ ငါပြောထားတယ်လေ။ ငါတို့နှစ်ယောက်ကြားနှင်းအကြောင်းပါမလာနဲ့လို့"

"အေးပါ"

မယ်လွန်ဘာမှဆက်မပြောတော့ဘဲကန်ဘောင်တစ်လျှောက်စိတ်ပြေလက်ပျောက်ဖြစ်အောင်လမ်းလျှောက်သည်။ ညနေစောင်းနေပြီမို့နေအရမ်းမပူတော့ဘဲရိပ်ရိပ်လေးသာဖြစ်သည်။ သူကစကားမပြောတော့ဘဲတိတ်နေတော့ဇိုးကသူ့ကိုဘာတွေတွေးနေလဲလို့မေးလာသည်။

"ငါလေ..အခုလိုမျိုးကိုသဘောကျတယ်။ ငါ့ရဲ့ဘဝတစ်လျှောက်လုံးဒီလိုလေးပဲအေးချမ်းနေရင်ကောင်းမယ်။ ဒါပေမယ့်အခက်အခဲတွေတော့ရှိလာမှာပဲနော်။ အရာအားလုံးကတသမတ်တည်းမသွားဘူးမဟုတ်လား"

"နောက်အကြောင်းနောက်မှစဥ်းစား။ အခုပျော်နေတယ်ဆိုပျော်နေသလိုပဲစိတ်လွှတ်ပြီးနေ။ သူ့ဘာသာသူကျော်လွှားသွားလိမ့်မယ်။ ကြိုတင်မောနေရင်နှစ်ဆပိုမောတယ်"

"ဟုတ်တယ်နော်..။ မင်းပြောတာမှန်တယ်။ ဒါပေမယ့်ငါ့ကိုပျော်စေတဲ့အရာအပေါ်ငါတစ်ကယ်စိတ်လွှတ်ပြီးနေဖို့ဆိုတာကဖြစ်လာနိုင်ပါ့မလား"

Fat Representation in♥Romance (Completed)Opowieści tętniące życiem. Odkryj je teraz