Chapter 30 ~I will comply with your request~

1.6K 82 6
                                    

~I won't call you my friday anymore, that's the last time~

နေ့လယ်ထမင်းစားချိန်ကိုစားသောက်ဆိုင်တစ်နေရာမှာအားလုံးလူစုကြသည်။ သူတို့ဝင်တဲ့ဆိုင်ကနည်းနည်းတော့ဆန်းသစ်သည်။ တစ်ကယ်လို့သူတို့ဆီကအစားအသောက်ဝယ်မယ်ဆိုရင်အရင်ဆုံးဗန်းခကိုရှင်းရသည်။ ဒီနေရာရဲ့ပုံစံကဘူဖေးသဘောမျိုးဖြစ်ပြီးအသစ်ဖွင့်ထားတာဖြစ်သည်။

ဗန်းတစ်ဗန်းကိုသုံးထောင်ငါးရာနဲ့ဝယ်ရပြီးကိုယ်စားချင်သမျှတွေကိုဗန်းပေါ်ကြိုက်သလောက်တင်ခွင့်ရှိသည်။ ထမင်းဆိုရင်လည်းထမင်းအလျှောက်မျိုးစုံရှိသည်။ ရိုးရိုးထမင်းကစလို့ နိုင်ငံမျိုးစုံကနာမည်ကြီးတဲ့ထမင်းကြော်မျိုးစုံနဲ့ ဒန်ပေါက်ဆိုရင်လည်းဒန်ပေါက် ကြက်ဆီထမင်းဆိုလည်းကြက်ဆီထမင်း ထောပတ်ထမင်း နို့ထမင်းကြိုက်တဲ့သူအတွက်ကလည်းအဆင်ပြေသေးသည်။ ဟင်းတွေအကြော်တွေအသုပ်တွေလည်းအစုံရှိသည်။ သို့သော်တစ်ဗန်းစာသာရမည်ဖြစ်သည်။

အကယ်၍တစ်ဗန်းကုန်လို့နောက်ထပ်ထပ်လိုချင်ရင်စမှတ်ကပြန်တန်းစီလို့ဗန်းခသုံးထောင့်ငါးရာပေးပြီးကြိုက်ရာပြန်ယူစားခွင့်ရှိသည်။ ဒီဆိုင်ကတော့မယ်လွန်အကြိုက်ဖြစ်လို့ဗန်းကိုင်တာအစားအသောက်မြင်တာနဲ့ကိုတက်ကြွနေသည်။ သူ့ရှေ့ကတန်းစီနေတဲ့သူကိုတောင်စိတ်သိပ်မရှည်ချင်တော့ဘဲကြားဖြတ်ကာလိုတာနှိုက်ယူလိုက်ချင်တော့သည်။

"မယ်လွန် အဲ့လောက်အများကြီးထည့်လာတာကုန်လို့လား"

"ကုန်တာပေါ့။ ငါမနက်ကဘာမှမစားလာရဘူး"

အားလုံးကတစ်ဝိုင်းတည်းမှာထိုင်နေတာကြောင့်မယ်လွန်ပြောတာကိုအားလုံးကကြားလို့သူ့ဖေဖေမေမေကလည်းကြားသည်။

"မနက်ကစားပွဲပေါ်ပေါက်စီသုံးလုံးတင်ထားတာ တစ်လုံးထဲကျန်တော့တာဘယ်သူ့လက်ချက်လဲမသိဘူး ကိုလွန်း"

"ကြွက်ချီသွားတာနေမယ်။ ငါမစားခဲ့တော့.."

"ဟုတ်လောက်မယ်။ ကျွန်မလည်းတစ်လုံးပဲစားခဲ့တာ.. အဲ့ကြွက်တော်တော်သောင်းကျန်းတယ်။ အိမ်ပြန်ရောက်ရင်သေချာဆုံးမရမယ်"

Fat Representation in♥Romance (Completed)Where stories live. Discover now