Chapter 8 ~Accidentally First Kiss~

2.5K 157 8
                                    

~I get Jealous because I am afraid that someone is going to make you happier than I do~

မယ်လွန်လှမ်းကိုင်လိုက်တဲ့လက်တစ်စုံကသူ့ရဲ့ကြောက်ရွံမှုကနေလုံခြုံမှုပေးလိုက်သလိုမျိုးခံစားလိုက်ရသည်။ နွေးထွေးတဲ့လက်တစုံကနေရတဲ့နွေးထွေးတဲ့ခံစားချက်ကသူ့ရဲ့နှလုံးသားထဲကိုပါနွေးထွေးမှုပေးလိုက်သလိုမျိုးခံစားရသည်။

"ဇိုး"

"အင်း"

"ငါသရဲကြောက်တတ်တယ်"

"ငါသိတယ်"

ဇိုးကသူသရဲကြောက်တတ်တာကိုသိနေခဲ့တယ်တဲ့။ သူဘယ်တုန်းကမှလည်းသရဲကြောက်တတ်တယ်လို့ဇိုးကိုမပြောပြခဲ့မိဘူးလို့ထင်တာပဲ။

"ငါသိတယ်။ မင်းပြောပြဖူးတယ်"

"ငါပြောပြဖူးတယ်။ တစ်ကယ်...?"

သူပြောပြဖူးတာကိုသူကိုယ်တိုင်အံ့ကြပြီးမသိသလိုလုပ်နေတာကြောင့်မယ်လွန်နဖူးကိုဇိုးလက်နဲ့အရှိန်ပြင်းပြင်းတစ်ချက်တောက်ထည့်လိုက်သည်။

""ဇိုး...""

နည်းနည်းလေးအားပြင်းပြီးအတောက်ခံလိုက်ရတော့မယ်လွန်ကိုယ့်နဖူးကိုပြန်စမ်းကာနှုတ်ခမ်းကိုစူလိုက်ပြီးဇိုးကိုရန်ပြန်တွေ့သလိုကြည့်ပေးလိုက်သည်။ ဇိုးကသူဘာလုပ်လို့လဲလို့ပုခုံးလေးတွန့်ပြလာတဲ့အပေါ်မယ်လွန်လွန်စွာမကျေမနပ်ဖြစ်တာကြောင့်တွဲထားတဲ့လက်ကိုဖြုတ်ချလိုက်ကာရှေ့ကနေသွားလိုက်သည်။ ဒါကမယ်လွန်စိတ်ကောက်တတ်တဲ့ပုံစံဆိုတာကိုဇိုးအသေအချာကိုသိနေသည်။

"အားးး ဇိုး..လုပ်ဦး။ ငါ့ဆီမြန်မြန်လာ။ ငါကြောက်တယ်"

သူရှေ့ကခပ်သုတ်သုတ်ထွက်လာတော့ရှေ့မှာသူ့ကိုဆီးကြိုနေတဲ့သူတွေနဲ့တိုးပါလေသည်။ မယ်လွန်အော်တာငယ်သံပါပါလောက်မည်။

ကြားလိုက်ရတဲ့အသံကြောင့်မယ်လွန်ဆီဇိုးအပြေးလေးရောက်လာပြီးကြောက်လန့်နေတဲ့မယ်လွန်ကိုလှမ်းဖက်လိုက်သည်။ မယ်လွန်ရဲ့ကြောက်လန့်မှုနဲ့ရင်တုန်မှုကဇိုးကြောင့်နှစ်ဆဖြစ်သွားတော့သည်။ သို့သော်တစ်ဖက်ကလည်းသူ့အတိုင်းစည်းချက်ညီနေသလိုပင်ခံစားရသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now